Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 22:20 - Common Language Bible

20 ဇေ​ရ​၏​သား​အာ​ခန်​သည်​ဖျက်​ဆီး​ပစ်​ရ မည့်​ပစ္စည်း​များ​နှင့်​စပ်​ဆိုင်​သော​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​အ​ပြစ်​ဒဏ်​ခံ​ခဲ့​ရ​သည်​မ​ဟုတ်​လော။ အာ​ခန်​၏​အ​ပြစ်​ကြောင့်​သူ​တစ်​ဦး​တည်း သာ​အ​သက်​သေ​ဆုံး​ခဲ့​ရ​သည်​မ​ဟုတ်'' ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ဇေ ရ သား အာ ခန် သည် မြေ လှန် ရာ ပါ ဥစ္စာ ကို ယူ၍ လွန် ကျူး သည့် ဒု စ ရိုက် ကြောင့် သူ့ ကိုယ် တိုင် သေ ဒဏ် ခံ ရုံ နှင့် မ ငြိမ်း ဘဲ ဣ သ ရေ လ တစ် မျိုး လုံး ပ ရိ သတ် အ ပေါ် တွင် အ မျက် ဒဏ် သင့် ရောက် ခဲ့ ပြီ မ ဟုတ် လော ဟု ဆင့် ဆို ကြောင်း ပြန် ကြား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ဇေ​ရ​သား​အာ​ခန်​သည် ကျိန်​အပ်​သော​အ​ရာ၌ ပြစ်​မှား၍ အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော။ ထို​သူ​သည် ပြစ်​မှား​သော​အ​ပြစ်​ကြောင့် တစ်​ယောက်​တည်း​သာ သေ​ရ​သည်​မ​ဟုတ်​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ဇေရ​အမျိုးသား​အာခန်​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ကို​ယူ​ခြင်း​ဖြင့် အပြစ်​ပြု​သောကြောင့် သူ​တစ်ယောက်တည်း သေ​သည်​မ​ဟုတ်​။ အစ္စရေး​လူထု​တစ်ရပ်လုံး အမျက်​တော်​ဒဏ်​ခံ​ခဲ့​ရ​သည်​မ​ဟုတ်​လော​’​ဟူ၍ ပြောဆို​ကြ​သည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 22:20
11 ပူးပေါင်းရင်းမြစ်များ  

ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​ဘိုး​ဘေး များ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဝတ် ပြု​ကိုး​ကွယ်​မှု​ကို​စွန့်​လျက် ရုပ်​တု​များ​နှင့် အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ​သည်။ ဤ​သို့​သူ​တို့ ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​ယု​ဒ​ပြည် နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့​သက် ရောက်​တော်​မူ​၏။-


သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။


ထို​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား များ​ဖြစ်​ကြ​သော ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``သင်​တို့​သည်​သေ​ဆုံး​သူ​များ​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​ပြ​ရန် ဆံ​ပင်​ကို မ​ဖြီး​ဘဲ​မ​နေ​ကြ​နှင့်။ အ​ဝတ်​အင်္ကျီ​များ ကို​လည်း​မ​ဆုတ်​ဖြဲ​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​၏​အ​သက်​ဆုံး​ရ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား​အ​မျက်​တော်​ထွက်​လိမ့်​မည်။ သို့​သော်​သင်​တို့​၏​သွေး​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​မူ ကား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လောင်​မီး ကျ​၍ သေ​ဆုံး​သူ​တို့​အ​တွက်​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​ပြ​နိုင်​သည်။-


ဤ​သာ​ဋ္ဌ​က​ကား​ဆိုး​ညစ်​မှု​များ​ကို​ထို​သူ​တို့ ပြု​လုပ်​လို​သ​ကဲ့​သို့ ငါ​တို့​မ​ပြု​လုပ်​ကြ​စေ​ရန် လည်း​ကောင်း၊ ကျမ်း​စာ​တော်​တွင် ``လူ​တို့​သည်​ထိုင် ၍​စား​သောက်​ကြ​ပြီး​နောက်​အ​သောက်​ကြူး​လျက် မြူး​တူး​ပျော်​ပါး​ကြ​၏'' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ၊ အ​ချို့​တို့​သည်​ရုပ်​တု​ကို​ပူ​ဇော်​ပ​သ ကြ​သ​ကဲ့​သို့ ငါ​တို့​မ​ပူ​ဇော်​မ​ပ​သ​ကြ စေ​ရန်​လည်း​ကောင်း​သ​တိ​ပေး​ခြင်း​ပင်​ဖြစ်​၏။-


ထို​အ​ခါ​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​က အ​နောက်​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင် တို့​အား၊-


ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဖျက်​ဆီး​ရ မည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ယူ​ရ​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​တား​မြစ်​ချက်​ကို အာ​ခန်​ဆို​သူ​သည်​မ​နာ​ခံ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ပြင်း​စွာ​သော​အ​မျက်​တော်​ထွက်​တော် မူ​၏။ (အာ​ခန်​သည်​ယု​ဒ​အ​နွယ်​ဝင်​ဇေ​ရ မိ​သား​စု​ထဲ​မှ​ဇာ​ဗ​ဒိ​၏​မြေး၊ ကာ​မိ​၏ သား​ဖြစ်​သည်။)


ဇာ​ဗ​ဒိ​၏​မိ​သား​စု​မှ​တစ်​ဦး​ချင်း​ရှေ့​တော် သို့​ထွက်​လာ​စေ​သည့်​အ​ခါ အာ​ခန်​ဆို​သူ မဲ​ကျ​လေ​၏။ သူ​သည်​ကာ​မိ​၏​သား၊ ဇာ​ဗ​ဒိ ၏​မြေး​ဖြစ်​သည်။-


ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​အာ​ခန်​နှင့်​တ​ကွ​ငွေ၊ ဝတ်​ရုံ​နှင့်​ရွှေ ချောင်း​ကို​လည်း​ကောင်း၊ သူ​၏​သား​သ​မီး​များ၊ သိုး၊ နွား၊ မြည်း၊ တဲ​နှင့်​သူ​ပိုင်​ပစ္စည်း​ရှိ​သ​မျှ တို့​ကို​လည်း​ကောင်း​ဒုက္ခ​ချိုင့်​ဝှမ်း​သို့​ခေါ် ဆောင်​သွား​ကြ​လေ​သည်။-


အာ​ဣ​မြို့​သား​တို့​သည်​မြို့​တံ​ခါး​မှ​ကျောက် ကျင်း​များ​ရှိ​ရာ​အ​ရပ်​သို့​တိုင်​အောင် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​နောက်​သို့​လိုက်​၍​တိုက် ခိုက်​ကြ​ရာ​တောင်​ကုန်း​အ​ဆင်း​၌ ဣ​သ​ရေ​လ အမျိုး​သား​သုံး​ဆယ့်​ခြောက်​ယောက်​ခန့်​ကို သတ်​ဖြတ်​လိုက်​ကြ​လေ​သည်။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​လွန် စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။


ဘု​ရား​သ​ခင်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကို​မီး​လောင်​ကျွမ်း​စေ​သော​အား​ဖြင့်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ်​တော် သည်​နောင်​အ​ခါ​တွင် ဆိုး​သွမ်း​ယုတ်​မာ​သူ​တို့ မည်​ကဲ့​သို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို​န​မူ​နာ အ​ဖြစ်​ပြ​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ