“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။
ယောရှု 21:45 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟု မိန့်မှာတော်မူခဲ့သည့်ကတိ တစ်စုံတစ်ခုမျှ မပျက်ကွက်ဘဲ အလုံးစုံပြည့်စုံလေ၏။ Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သော ဆု ကျေး ဇူး တစ် ပါး မျှ မ ယုတ် မ လျော့ ဘဲ အ ပြည့် အ စုံ ဖြစ် သ တည်း။ Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မလျော့၊ ရှိသမျှတို့သည် ပြည့်စုံကြ၏။ |
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။
ယခုမှာ ထာဝရဘုရားသည် မိမိပြုထားသောကတိတော်ကို တည်စေပြီ။ ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ငါသည် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းနေရပြီ။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုလည်း တည်ဆောက်ခဲ့ပြီ။
ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီး၌ ထားခဲ့သောကတိတော်များကို တည်စေတော်မူပြီ။ နှုတ်တော်ဖြင့် ကတိထားတော်မူခဲ့သည်ကို ယနေ့တွင် လက်တွေ့ ပြည့်စုံစေပါပြီ။
“ကတိတော်အလုံးစုံနှင့်အညီ မိမိလူမျိုးတော်အစ္စရေးတို့အား အေးချမ်းသာယာမှုကို ပေးသနားတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်၏အစေအပါးမောရှေအား မိန့်မှာထားခဲ့သည့် ကောင်းမြတ်သောကတိတော်များ တစ်စုံတစ်ခုမျှမပျက်ယွင်းပါ။
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
ထာဝရဘုရားက “ယခင်ဖြစ်ပျက်ခဲ့သောအရာတို့ကို ရှေးမဆွကပင် ငါပြောကြားခဲ့ပြီ။ ငါ့နှုတ်မှထွက်ဆိုခဲ့ပြီ။ ငါကြားသိစေခဲ့ပြီ။ ငါချက်ချင်းလုပ်ဆောင်၍ ထိုအရာတို့ ဖြစ်လာခဲ့ပြီ။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
မိမိ၏သားတော်တည်းဟူသော ငါတို့သခင်ယေရှုခရစ်တော်၏မိတ်သဟာယဖွဲ့ခြင်းထဲသို့ သင်တို့ကိုခေါ်တော်မူသောဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
သင်တို့ကို ခေါ်ယူတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍ ထိုသို့ပြုတော်မူလိမ့်မည်။
မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ထိုထာဝရအသက်ကို ရှေးကာလများမတိုင်မီကပင် ကတိပေးတော်မူပြီး
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
ရှမွေလသည် ကြီးပြင်းလာ၍ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့် သူ၏စကားတစ်ခွန်းကိုမျှ အချည်းနှီးဖြစ်စေတော်မမူ။