ဟေရှာယ 48:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရားက “ယခင်ဖြစ်ပျက်ခဲ့သောအရာတို့ကို ရှေးမဆွကပင် ငါပြောကြားခဲ့ပြီ။ ငါ့နှုတ်မှထွက်ဆိုခဲ့ပြီ။ ငါကြားသိစေခဲ့ပြီ။ ငါချက်ချင်းလုပ်ဆောင်၍ ထိုအရာတို့ ဖြစ်လာခဲ့ပြီ။ အခန်းကိုကြည့်ပါ။Common Language Bible3 ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားက၊ ``ရှေးအခါက၊ငါသည်ဖြစ်ပျက်မည့်အမှု အရာကို ကြိုတင်ဟောကြားခဲ့၏။ ထိုနောက်ထိုအရာကိုရုတ်တရက်ဖြစ်ပေါ် လာစေ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 အ တိတ် အ ဖြစ် အ ပျက် များ ကို၊ ယ မန် က ပင် ငါ နှုတ် မြွက် ဖော် ပြ ကြား ပြော နှင့် သည့် အ လျောက်၊ ငါ ပြု လျှင် ပြု ချင်း ဖြစ် ပွား ခဲ့ ပြီ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible3 ဖြစ်ဖူးသောအရာတို့ကို အထက်က သင်တို့အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ချင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ထိုသက်သေတို့ကို ယူဆောင်လာကြပါစေ။ မည်သည့်အရာများ ဖြစ်ပျက်လိမ့်မည်ကို ငါတို့အား ပြောပြကြပါစေ။ ယခင်က မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို ငါတို့အားပြောပြကြလော့။ သို့မှသာ ငါတို့ဆင်ခြင်၍ ထိုအရာတို့၏အကျိုးဆက်ကိုသိနိုင်မည်။ သို့မဟုတ် ဖြစ်လာမည့်အရာများကို ငါတို့အားပြောကြားကြလော့။
လူမျိုးအပေါင်းတို့သည် အတူတကွစုရုံးကြ၏။ လူတို့သည် စုဝေးကြ၏။ သူတို့တွင် မည်သူသည် ဤအမှုကို ပြောကြားမည်နည်း။ ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို ကျွန်ုပ်တို့အား မည်သူ ကြားသိစေမည်နည်း။ သူတို့မှန်ကန်ကြောင်းသက်သေပြရန် သူတို့၏သက်သေများကို ယူဆောင်လာကြပါစေ။ လူတို့သည် ကြား၍ မှန်သည်ဟု ပြောဆိုကြပါစေ။
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။