အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​ရှု 21:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​ဖြစ်​သော​ဂေရရှုန်​သားမြေး​တို့​ကို​ကား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​သော​အမွေမြေ​ထဲမှ ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေရှတေရ​မြို့​နှင့် စားကျက်မြေ​များ​ကို​ပေး​၏​။ (​ဂေါလန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့ ဖြစ်​၏​။​)

အခန်းကိုကြည့်ပါ။

Common Language Bible

လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​၏​သား​ချင်း​စု​တို့ သည်​အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​မှ​မြို့​နှစ်​မြို့ ကို​ရ​ရှိ​ကြ​၏။ ၎င်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​အ​ပါ​အ​ဝင်​ဗာ​ရှန်​ပြည်​ရှိ ဂေါ​လန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) နှင့်​ဗေ​ရှ တေ​ရ​မြို့​တို့​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

လေ ဝိ အ ဆက် အ နွယ်၊ ဂေ ရ ရှုံ့ သား မြေး တို့ အား မ နာ ရှေ့ အ နွယ် တစ် ဝက် နယ် တွင် ပေး ကြ သည် မှာ ဗာ ရှန် ပြည် ရှိ လူ သတ် ခို ဝင် ရာ ဂေါ လန်၊ ဗေ ရှ တေ ရ မြို့ များ နှင့် စား ကျက် ပါ နှစ် မြို့ ကို လည်း ကောင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

လေ​ဝိ​အ​ဆွေ​အ​မျိုး၊ ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ ဗေ​ရှ​တေ​ရ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော နှစ်​မြို့​တို့​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။



ယော​ရှု 21:27
8 ပူးပေါင်းရင်းမြစ်များ  

ရှမေရ​သည် မဟာလိ​၏​သား​၊ မဟာလိ​သည် မုရှိ​၏​သား​၊ မုရှိ​သည် မေရာရိ​၏​သား​၊ မေရာရိ​သည် လေဝိ​၏​သား ဖြစ်​၏​။


ဂေရရှုံ​သားမြေး​တို့​ကို​မူ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​၏​မျိုးနွယ်စု​ထံမှ ဗာရှန်​ပြည်​ရှိ​ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာရှတရုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် ဧဒြိ​အရပ်​၊ အာရှတရုတ်​မြို့​၌​စံမြန်း​သော ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​ကို လုပ်ကြံ​ပြီးနောက်


ထို​မြို့​သုံး​မြို့​မှာ ရုဗင်​အမျိုး​အတွက် တောကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုး​အတွက် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုး​အတွက် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​ဖြစ်​၏​။


ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျေရိခေါ​မြို့​အရှေ့ဘက် ရုဗင်​အမျိုးအနွယ်​ပိုင် ကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုးအနွယ်​ပိုင် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုးအနွယ်​ပိုင် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​တို့​ကို ရွေးချယ်​၏​။


ကျန်ရှိ​သော​ကောဟတ်​သားမြေး​၏​မျိုးနွယ်စု​တို့ ရရှိ​သော​မြို့​စုစုပေါင်း​မှာ မြို့​ဆယ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ ပါ​၏​။


ဣသခါ​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ​လည်း ကိရှုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒါဗရတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


မဲချ​ရာ​တွင် ဂေရရှုန်​အမျိုး​တို့​သည် ဣသခါ​အမျိုးအနွယ်​၏​မျိုးနွယ်စု​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ မြို့​တစ်ဆယ့်​သုံး​မြို့​ကို ရရှိ​၏​။