ယခု သင်တို့သည် အကျွန်ုပ်သခင်အား မေတ္တာသစ္စာကိုပြလိုလျှင်ဖြစ်စေ၊ မပြလိုလျှင်ဖြစ်စေအကျွန်ုပ်ကိုပြောပါ။ သို့မှသာ အကျွန်ုပ်သည် လက်ယာဘက်ဖြစ်စေ၊ လက်ဝဲဘက်ဖြစ်စေ တစ်လမ်းလမ်းသွားနိုင်ပါမည်”ဟု ပြောဆိုလေ၏။
ယောရှု 2:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့ကလည်း သူ့အား “သင်တို့သည် ငါတို့လာသောသတင်းကိုမပေါက်ကြားစေလျှင် ငါတို့အသက်ကိုရင်း၍ သင်တို့ကို အာမခံပါမည်။ ဤပြည်ကို ငါတို့အား ထာဝရဘုရားပေးတော်မူသောအခါ သင့်ကို အမှန်တကယ်မေတ္တာပြပါမည်”ဟု ဆိုလေ၏။ Common Language Bible ထိုအခါသူတို့က ``ငါတို့သည်ကတိမတည်လျှင် ထာဝရဘုရားသည်ငါတို့ကိုသတ်ပါစေသား။ သင်သည်ငါတို့လာရောက်သည့်ကိစ္စ ကိုမပေါက်ကြားစေလျှင် ဤပြည်ကိုထာဝရ ဘုရားငါတို့အားပေးသနားတော်မူသော အခါ ငါတို့သည်သင်တို့ကိုကျေးဇူးပြု မည်ဟုကတိပြုပါ၏'' ဟူ၍ပြန်ပြောလေသည်။ Garrad Bible သူ လျှို တို့ က၊ ငါ တို့ အ မှု အ ရေး ကို မ ဖော် လျှင်၊ သင့် အ သက် အ စား ငါ တို့ အ သေ ခံ ပါ မည်။ ဤ ပြည် ကို ငါ တို့ အား ထာ ဝ ရ ဘု ရား ပေး တော် မူ သော အ ခါ သ စ္စာ နှင့် ကျေး ဇူး ပြု ပါ မည် ဟု ဝန် ခံ ကြ၏။ Judson Bible ထိုသူတို့က၊ သင်သည် ငါတို့အမှုကိုမဖော်မပြလျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရား ပေးတော်မူသောအခါ၊ သင်၌သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။ |
ယခု သင်တို့သည် အကျွန်ုပ်သခင်အား မေတ္တာသစ္စာကိုပြလိုလျှင်ဖြစ်စေ၊ မပြလိုလျှင်ဖြစ်စေအကျွန်ုပ်ကိုပြောပါ။ သို့မှသာ အကျွန်ုပ်သည် လက်ယာဘက်ဖြစ်စေ၊ လက်ဝဲဘက်ဖြစ်စေ တစ်လမ်းလမ်းသွားနိုင်ပါမည်”ဟု ပြောဆိုလေ၏။
အစ္စရေးသည် သေရမည့်နေ့ရက်နီးသောအခါ မိမိသားယောသပ်အားခေါ်၍ “ယခု ငါသည် သင့်ရှေ့၌မျက်နှာရလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီး ငါ့အားမေတ္တာကရုဏာပြ၍ သစ္စာပြုပါ။ အီဂျစ်ပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
ဒါဝိဒ်သည် ယာဗက်ဂိလဒ်မြို့သားတို့ထံသို့ တမန်တို့ကိုစေလွှတ်၍ “သင်တို့သည် သင်တို့၏အရှင်ရှောလုမင်းကြီးကို ဤသို့မေတ္တာပြ၍ သင်္ဂြိုဟ်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးတော်မူပါစေသော။
သင်တို့ပြုသော ဤအမှုကြောင့် ထာဝရဘုရားသည် မေတ္တာကရုဏာနှင့် သမ္မာတရားကို သင်တို့အား ပြတော်မူပါစေသော။ ငါသည်လည်း သင်တို့ကို ကျေးဇူးပြုပါမည်။
ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
ရှင်ဘုရင်ကြွလာသောအခါ သူသည် အော်ဟစ်လျက် ရှင်ဘုရင်အား “ကျွန်တော်မျိုးသည် တိုက်ပွဲထဲသို့ ရောက်ခဲ့ပါ၏။ လူတစ်ယောက်က အကျွန်ုပ်ထံသို့ လူတစ်ယောက်ကို ခေါ်လာပြီး ‘ဤသူကို စောင့်ရှောက်ပါ။ သူထွက်ပြေးပျောက်ဆုံးသွားလျှင် သူ့အသက်အဖို့ သင့်အသက်၊ သို့မဟုတ် ငွေတစ်တာလန်ကို ပေးလျော်ရမည်’ဟု အကျွန်ုပ်အား ဆိုပါ၏။
မကောင်းမှုကို တွေးတောကြံစည်သောသူတို့သည် လမ်းလွဲသွားကြသည်မဟုတ်လော။ ကောင်းသောအမှုကို တွေးတောကြံစည်သောသူတို့မူကား မေတ္တာကရုဏာနှင့်သမ္မာတရားကို တွေ့ရှိကြလိမ့်မည်။
အပေါင်းအသင်းများသောသူသည် ပျက်စီးတတ်၏။ သို့ရာတွင် ညီအစ်ကိုထက် ပို၍ခင်တွယ်တတ်သောမိတ်ဆွေလည်း ရှိ၏။
သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်းကိုခံရကြလိမ့်မည်။
ထိုအခါ တပ်မှူးကြီးက “ဤအရာများကို ငါ့အား သင်ပြောပြကြောင်း မည်သူ့ကိုမျှ မပြောနှင့်”ဟု အမိန့်ပေးပြီးလျှင် ထိုလူငယ်ကို ပြန်လွှတ်လိုက်လေ၏။
ကျွန်မ၏မိဘ၊ ညီအစ်ကိုမောင်နှမတို့မှစ၍ သူတို့နှင့်ဆိုင်သောသူအပေါင်းတို့ကို အသက်ချမ်းသာခွင့်ပေးပါ။ ကျွန်မတို့၏အသက်ကို သေဘေးထဲမှ ကယ်နုတ်ပါ”ဟု ဆိုလေ၏။
ရာခပ်၏အိမ်သည် မြို့ရိုးတွင်ရှိ၏။ သူသည် မြို့ရိုးတွင် နေထိုင်သောကြောင့် ထိုသူတို့ကို ပြတင်းပေါက်မှ ကြိုးဖြင့်လျှောချပေး၍
ထိုမြို့နှင့်တကွ မြို့ထဲရှိသမျှတို့သည် ထာဝရဘုရား၏ကျိန်ခြင်းကို ခံရသောအရာများဖြစ်၏။ ပြည့်တန်ဆာရာခပ်မူကား ငါတို့စေလွှတ်လိုက်သောသူလျှိုတို့ကို ဝှက်ထားပေးခဲ့သောကြောင့် သူနှင့်သူ့အိမ်သူအိမ်သားအားလုံးတို့ကို အသက်ချမ်းသာခွင့်ပေးရမည်။
ယောရှုသည် ထိုပြည်ကိုစူးစမ်းခဲ့သောလူနှစ်ယောက်အား “ပြည့်တန်ဆာမိန်းမနှင့် သင်တို့ကျိန်ဆိုထားသည့်အတိုင်း သူ့အိမ်သို့သွား၍ သူနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို ခေါ်ထုတ်ခဲ့လော့”ဟု ဆိုလေ၏။
ဂျေရိခေါမြို့ကိုစူးစမ်းရန် ယောရှုစေလွှတ်သောသူလျှိုတို့ကို ပြည့်တန်ဆာရာခပ်သည် ဝှက်ထားသောကြောင့် ယောရှုသည် ရာခပ်အပါအဝင် သူ့ဖခင်၏မိသားစုနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို အသက်ချမ်းသာခွင့်ပေးလေ၏။ ရာခပ်သည် ယနေ့တိုင်အောင် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လေ၏။
သို့ဖြစ်၍ အရှင်နှင့်အကျွန်ုပ်သည် ထာဝရဘုရားရှေ့တွင် ပဋိညာဉ်ပြုထားကြပြီဖြစ်၍ အရှင်၏အစေအပါးကို သနားပါလော့။ အကျွန်ုပ်အပြစ်ပြုမိခဲ့လျှင် အရှင်ကိုယ်တိုင် အကျွန်ုပ်ကိုသတ်ပါ။ အဘယ်ကြောင့် အကျွန်ုပ်ကို အရှင့်ခမည်းတော်လက်သို့အပ်မည်နည်း”ဟု ဆို၏။