ယောရှု 2:14 - Common Language Bible14 ထိုအခါသူတို့က ``ငါတို့သည်ကတိမတည်လျှင် ထာဝရဘုရားသည်ငါတို့ကိုသတ်ပါစေသား။ သင်သည်ငါတို့လာရောက်သည့်ကိစ္စ ကိုမပေါက်ကြားစေလျှင် ဤပြည်ကိုထာဝရ ဘုရားငါတို့အားပေးသနားတော်မူသော အခါ ငါတို့သည်သင်တို့ကိုကျေးဇူးပြု မည်ဟုကတိပြုပါ၏'' ဟူ၍ပြန်ပြောလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible14 သူ လျှို တို့ က၊ ငါ တို့ အ မှု အ ရေး ကို မ ဖော် လျှင်၊ သင့် အ သက် အ စား ငါ တို့ အ သေ ခံ ပါ မည်။ ဤ ပြည် ကို ငါ တို့ အား ထာ ဝ ရ ဘု ရား ပေး တော် မူ သော အ ခါ သ စ္စာ နှင့် ကျေး ဇူး ပြု ပါ မည် ဟု ဝန် ခံ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုသူတို့က၊ သင်သည် ငါတို့အမှုကိုမဖော်မပြလျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရား ပေးတော်မူသောအခါ၊ သင်၌သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုသူတို့ကလည်း သူ့အား “သင်တို့သည် ငါတို့လာသောသတင်းကိုမပေါက်ကြားစေလျှင် ငါတို့အသက်ကိုရင်း၍ သင်တို့ကို အာမခံပါမည်။ ဤပြည်ကို ငါတို့အား ထာဝရဘုရားပေးတော်မူသောအခါ သင့်ကို အမှန်တကယ်မေတ္တာပြပါမည်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးကြွလာတော်မူသောအခါပရော ဖက်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည်တိုက်ပွဲ ဝင်လျက်နေစဉ် စစ်သားတစ်ယောက်သည်ရန်သူ သုံ့ပန်းတစ်ဦးကိုအကျွန်ုပ်ထံအပ်၍`ဤသူကို ထိန်းသိမ်းထားလော့။ အကယ်၍ထိုသူထွက်ပြေး သွားပါက သင်သည်သူ၏အသက်အစားမိမိ ၏အသက်ကိုပေးလျော်ရမည်။ သို့မဟုတ်လျှင် လည်းငွေသားသုံးထောင်ဒဏ်ဆောင်ရမည်' ဟု မှာကြားခဲ့ပါ၏။-
ပြည့်တန်ဆာမရာခပ်သည်ယေရိခေါမြို့ အခြေအနေကိုထောက်လှမ်းရန် စေလွှတ်လိုက် သောသူနှစ်ယောက်တို့ကိုဝှက်ထားခဲ့ခြင်း ကြောင့် ယောရှုသည်သူနှင့်သူ၏ဆွေမျိုးအား လုံးတို့ကိုအသက်ချမ်းသာပေး၏။ (သူ၏ အဆက်အနွယ်တို့သည်ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်လျက်ရှိကြသည်။)