သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
ယောရှု 19:9 - မြန်မာ့စံမီသမ္မာကျမ်း ယုဒအမျိုးအနွယ်၏အမွေမြေသည် အလွန်ကျယ်ဝန်းသောကြောင့် သူတို့၏အမွေမြေထဲမှ ရှိမောင်အမျိုးအနွယ်ကို အမွေမြေခွဲပေး၏။ ထို့ကြောင့် ရှိမောင်အမျိုးအနွယ်သည် ယုဒအမျိုးအနွယ်၏အမွေမြေထဲမှ အမွေရခြင်းဖြစ်၏။ Common Language Bible ယုဒအနွယ်အတွက်ဝေစုသည်လိုအပ် သည်ထက်ပို၍ကျယ်ဝန်းသောကြောင့် ရှိမောင် အနွယ်အားထိုနယ်မြေမှခွဲဝေပေးခြင်း ဖြစ်သည်။ Garrad Bible ယု ဒ အ နွယ် သား တို့ ပိုင် နယ် ဝေ ပုံ သည် ကျယ် ဝန်း များ ပြား သည့် အ တွက် ၎င်း ပိုင် ရာ နယ် အ တွင်း ရှိ မောင့် အ နွယ် သား တို့ အ ပိုင် ရ ကြ ၏။ Judson Bible ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဖို့ထဲကနုတ်ရ၏။ ယုဒအမျိုးသားတို့အဖို့သည် ကြီးကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင်အမျိုးသားတို့သည် အမွေခံရကြ၏။ |
သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
သူတို့သည် ဩမဲဖြင့် ခြင်တွယ်သောအခါ များများရသောသူမပို၊ နည်းနည်းရသောသူမလိုချေ။ တစ်ဦးစီစားနိုင်သလောက် ကောက်ယူကြ၏။
ရုဗင်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ယုဒအမျိုး၏ဝေစုဖြစ်ရမည်။
လူဦးရေများလျှင် များသည့်အတိုင်း အမွေခွဲဝေပေးရမည်။ လူဦးရေနည်းလျှင် နည်းသည့်အတိုင်း အမွေခွဲဝေပေးရမည်။ အမျိုးအနွယ်အသီးသီးတို့ကို သူတို့၏အရေအတွက်နှင့်အညီ အမွေခွဲဝေပေးရမည်။
တတိယအကြိမ်မဲချရာတွင် ဇာဗုလုန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျ၏။ သူတို့အမွေမြေ၏နယ်နိမိတ်သည် စာရိဒ်မြို့အထိဖြစ်၏။
ထိုမြို့များနှင့် ဝန်းကျင်ရှိမြို့ရွာများမှစ၍ ရာမုတ်နေဂေ့ ခေါ် ဗာလတ်ဗေရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများလည်း ပါ၏။ ဤသည်ကား ရှိမောင်အမျိုးအနွယ်၏မျိုးနွယ်စုအလိုက် ရသောအမွေမြေဖြစ်၏။