နောက်တစ်ဖန်ထပ်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ရှေလ ဟုမှည့်ခေါ်လေ၏။ ရှေလကိုမွေးဖွားသောအခါ ယုဒသည် ခေဇိပ်မြို့တွင် ရောက်နေ၏။
ယောရှု 19:29 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထိုနယ်နိမိတ်သည် ရာမမြို့၊ တိုင်ရာခံတပ်မြို့တို့ဘက်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် ဟောသမြို့သို့ လှည့်သွား၍ အာခဇိပ်နယ်မြေရှိ ပင်လယ်တွင် ဆုံး၏။ Common Language Bible ထိုမှတစ်ဖန်ရာမမြို့ဘက်သို့လှည့်ပြီးလျှင် တံတိုင်းကာရံထားသောတုရုမြို့သို့ရောက် သည်။ ထိုနောက်ဟောသမြို့သို့လှည့်ပြီးလျှင် မြေထဲပင်လယ်၌အဆုံးသတ်သည်။ နယ် မြေတွင်မဟာလပ်မြို့၊ အာခဇိပ်မြို့၊- Garrad Bible ရာ မ မြို့၊ တု ရု ခံ တပ် မြို့၊ ဟော သ မြို့ များ သို့ လှည့် လျက်၊ ပယ် လယ် ကမ်း ရှိ အာ ခ ဇိမ် မြို့ အ နီး ဆုံး လေ ၏။ Judson Bible ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင်အောင် ပင်လယ်၌ဆုံးလေ၏။ |
နောက်တစ်ဖန်ထပ်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ရှေလ ဟုမှည့်ခေါ်လေ၏။ ရှေလကိုမွေးဖွားသောအခါ ယုဒသည် ခေဇိပ်မြို့တွင် ရောက်နေ၏။
ထိုမှ တိုင်ရာခံတပ်မြို့၊ ဟိဝိလူမျိုးနှင့် ခါနာန်လူမျိုးတို့ နေထိုင်ရာမြို့ရှိသမျှတို့သို့ သွား၏။ ယုဒပြည်၊ နေဂေ့အရပ်ရှိဗေရရှေဘမြို့သို့လည်း သွားကြ၏။
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ရှောလမုန်မင်းကြီးထံ၌ အထမ်းသမား အယောက်ခုနစ်သောင်းနှင့် တောင်ပေါ်တွင် ကျောက်ဆစ်သမား အယောက်ရှစ်သောင်းရှိ၏။
“အချင်းလူသား၊ ဆီဒုန်မြို့ဘက်သို့ မျက်နှာမူပြီး သူတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ထို့ကြောင့် သင်သည် မောရရှက်ဂါသမြို့ကို နှုတ်ဆက်လက်ဆောင်များ ပေးရလိမ့်မည်။ အာခဇိပ်မြို့ရှိအိမ်များသည် အစ္စရေးဘုရင်များကို လှည့်စားသောအရာများ ဖြစ်လိမ့်မည်။
တိုင်ရာမြို့သည် ခံတပ်ကိုတည်၍ ငွေတို့ကိုမြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေတို့ကိုလမ်းပေါ်မှရွှံ့ကဲ့သို့လည်းကောင်း စုပုံထားကြ၏။
အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ အပါအဝင် မြို့ပေါင်းနှစ်ဆယ့်နှစ်မြို့နှင့် ရွာများ ပါ၏။
အာရှာအမျိုးအနွယ်သည်လည်း အက္ခောမြို့သား၊ ဆီဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကိုမနှင်ထုတ်ခဲ့ပေ။