ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
ယောရှု 19:28 - မြန်မာ့စံမီသမ္မာကျမ်း ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့မှ ဆီဒုန်မြို့ကြီးအထိ ဆက်သွား၏။ Common Language Bible ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့ များမှဇိဒုန်မြို့အထိရောက်သည်။- Garrad Bible ဟ မ္မုန်၊ ကာ န မြို့ များ နှင့် ဇိ ဒုန် မြို့ ကြီး တိုင် အောင် ရောက် ပြီး မှ Judson Bible ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊ |
ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
ထိုမှ ဂိလဒ်ပြည်၊ တက်တိမ်ဟောရှိပြည်တို့သို့ သွားပြီး ဒန်ယန်ပြည်နှင့် ဆီဒုန်ပြည်ဘက်သို့ ပတ်သွားကြ၏။
ထိုမှ တိုင်ရာခံတပ်မြို့၊ ဟိဝိလူမျိုးနှင့် ခါနာန်လူမျိုးတို့ နေထိုင်ရာမြို့ရှိသမျှတို့သို့ သွား၏။ ယုဒပြည်၊ နေဂေ့အရပ်ရှိဗေရရှေဘမြို့သို့လည်း သွားကြ၏။
ကိုယ်တော်က “နှိပ်စက်ခြင်းခံရသောဆီဒုန်သမီးပျို၊ သင်သည် နောက်တစ်ဖန် ရွှင်မြူးရတော့မည်မဟုတ်။ ထ၍ ဆိုက်ပရပ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း သင့်အတွက်ငြိမ်းချမ်းခြင်းရှိမည်မဟုတ်”ဟု မိန့်တော်မူ၏။
ကမ်းရိုးတန်းဒေသ၌နေထိုင်သောသူတို့၊ ငြိမ်ဝပ်စွာနေကြလော့။ ပင်လယ်ကိုဖြတ်သန်းသွားလာသော ဆီဒုန်ကုန်သည်တို့သည် သင်တို့ကို ကြွယ်ဝစေကြ၏။
အို ဆီဒုန်မြို့၊ ရှက်ကြောက်လော့။ ပင်လယ်က ပြောလေပြီ။ ပင်လယ်ခံတပ်မြို့က “ငါသည် ဝမ်းမနာခဲ့၊ သားမဖွားခဲ့။ လူပျို အပျိုတို့ကိုလည်း မကျွေးမွေး၊ မပြုစုခဲ့”ဟု ဆိုလေပြီ။
“အချင်းလူသား၊ ဆီဒုန်မြို့ဘက်သို့ မျက်နှာမူပြီး သူတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ထို့နောက် သုံးရက်မြောက်သောနေ့၌ ဂါလိလဲနယ်၊ ကာနမြို့တွင် မင်္ဂလာဆောင်ပွဲတစ်ခုကျင်းပရာ ယေရှု၏မယ်တော်သည် ထိုနေရာ၌ရှိ၏။
ယေရှုသည် ဤပထမနိမိတ်လက္ခဏာကို ဂါလိလဲနယ်၊ ကာနမြို့၌ပြုလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
ထို့နောက် ယေရှုသည် ရေကိုစပျစ်ဝိုင်ဖြစ်စေခဲ့ရာ ဂါလိလဲနယ်၊ ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ၌ ကပေရနောင်မြို့တွင် မှူးမတ်တစ်ဦးရှိ၍ သူ့သားသည် နာမကျန်းဖြစ်နေ၏။
နောက်တစ်နေ့တွင် ငါတို့သည် ဆီဒုန်မြို့သို့ဆိုက်ကပ်ကြ၏။ ယုလိသည် ပေါလုကိုကြင်နာစွာဆက်ဆံလျက် မိတ်ဆွေများထံသွား၍ လုပ်ကျွေးပြုစုခြင်းခံယူခွင့်ကို ပေးလေ၏။
ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။
ဟေလကတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ရဟောဘမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။
အာရှာအမျိုးအနွယ်သည်လည်း အက္ခောမြို့သား၊ ဆီဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကိုမနှင်ထုတ်ခဲ့ပေ။
ထိုမြို့သည် ဆီဒုန်မြို့နှင့် ကွာဝေးသည့်အပြင် မြို့သားတို့သည်လည်း မည်သူနှင့်မျှအဆက်အဆံမရှိသောကြောင့် သူတို့ကို ကယ်တင်မည့်သူမရှိ။ လဲရှမြို့သည် ဗက်ရဟောဘမြို့အနီး ချိုင့်ဝှမ်းဒေသ၌ ရှိ၏။ ဒန်အမျိုးသားတို့သည် မြို့ကိုပြန်လည်တည်ထောင်၍ နေထိုင်ကြ၏။