ထိုတစ်ခဏချင်းတွင်ပင် မိုးကောင်းကင်မှတိမ်များ မည်းမှောင်အုံ့ဆိုင်းလာသည်သာမက လေများပါတိုက်လာပြီး မိုးသည်းထန်စွာရွာလေတော့သည်။ အာဟပ်မင်းကြီးသည်လည်း ရထားစီးနင်းပြီး ယေဇရေလမြို့သို့ ပြန်သွားလေ၏။
ယောရှု 17:16 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်အမျိုးသားတို့ကလည်း ယောရှုအား “တောင်ပေါ်ဒေသသည် အကျွန်ုပ်တို့အတွက် မလောက်ပါ။ ချိုင့်ဝှမ်းဒေသဖြစ်သော ဗက်ရှန်မြို့ရွာများနှင့် ယေဇရေလချိုင့်ဝှမ်းဒေသတွင်လည်း သံစစ်ရထားအများအပြားပိုင်ဆိုင်သော ခါနာန်လူမျိုးအပေါင်းတို့ နေထိုင်ကြပါသည်”ဟု လျှောက်ကြ၏။ Common Language Bible ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။ Garrad Bible ယော သပ် အ နွယ် သား တို့ က၊ ဧ ဖ ရိမ် ခင် တန်း သည် ကျွန် တော် တို့ အ ဖို့ မ လောက် သေး သည် မှန် သော် လည်း ချိုင့် ရှိ ဗက် ရှန် မြို့ နှင့် နိ ဂုံး များ ၌ လည်း ကောင်း၊ ယေ ဇ ရေ လ ချိုင့် ၌ လည်း ကောင်း၊ နေ ထိုင် သော ခါ နာန် လူ မျိုး တို့ မှာ သံ ဖြင့် ပြီး သော စစ် ရ ထား ရှိ ပါ သည် ဟု လျှောက် ပြန် လျှင်၊ Judson Bible ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင်သည် အကျွန်ုပ်တို့အဖို့ မလောက်ပါ။ ချိုင့်အရပ် ဗက်ရှန်မြို့ရွာတို့၌လည်းကောင်း၊ ယေဇရေလချိုင့်၌လည်းကောင်းနေသော ခါနနိလူအပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက်ပြန်လျှင်၊ |
ထိုတစ်ခဏချင်းတွင်ပင် မိုးကောင်းကင်မှတိမ်များ မည်းမှောင်အုံ့ဆိုင်းလာသည်သာမက လေများပါတိုက်လာပြီး မိုးသည်းထန်စွာရွာလေတော့သည်။ အာဟပ်မင်းကြီးသည်လည်း ရထားစီးနင်းပြီး ယေဇရေလမြို့သို့ ပြန်သွားလေ၏။
ထိုစဉ် ထာဝရဘုရား၏လက်တော်သည် ဧလိယထံသက်ရောက်လာသဖြင့် သူသည် ခါးပန်းကိုစည်းပြီးပြေးရာ အာဟပ်မင်းကြီးကိုကျော်၍ ယေဇရေလမြို့သို့ ကြိုရောက်နှင့်လေ၏။
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ယေဇဗေလနှင့်ပတ်သက်၍လည်း ထာဝရဘုရားက ‘ယေဇရေလမြို့ရိုးနားတွင် ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်’ဟု မိန့်တော်မူပြီ။
တာနက်မြို့၊ မေဂိဒ္ဒေါမြို့အပါအဝင် ဇာရတန်မြို့အနီးယေဇရေလမြို့အောက်ဘက်ရှိ ဗက်ရှန်မြို့တစ်လျှောက်လုံးနှင့် ဗက်ရှန်မြို့မှ ယောကမံမြို့တစ်ဖက်ကမ်း အာဗေလမဟောလမြို့၏နယ်စား အဟိလုဒ်၏သားဗာနာ၊
ယေဇဗေလကိုမူကား ယေဇရေလမြေကွက်တွင် ခွေးတို့ စားကြလိမ့်မည်။ သူ့ကိုသင်္ဂြိုဟ်မည့်သူ ရှိမည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုပြီးသည်နှင့် တံခါးကိုဖွင့်ပြီး ထွက်ပြေးသွားလေ၏။
ယေဇဗေလ၏အလောင်းသည် ယေဇရေလပိုင်မြေကွက်ပေါ်တွင် နောက်ချေးပုံကဲ့သို့ဖြစ်လိမ့်မည်။ ဤသူမှာ ယေဇဗေလဖြစ်သည်ဟု ပြော၍မရအောင်ပင် ဖြစ်လိမ့်မည်’ဟူ၍ မိန့်တော်မူခဲ့သည့်စကား အတိုင်းဖြစ်၏”ဟု ဆိုလေ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများဖြစ်သည်။
ယောရှုကလည်း သူတို့အား “သင်တို့၏လူဦးရေများပြားသောကြောင့် ဧဖရိမ်တောင်ပေါ်ဒေသသည် သင်တို့အဖို့ ကျဉ်းကျပ်သည်ဆိုလျှင် ဖေရဇိပြည်၊ ရေဖိမ်ပြည်ရှိ တောများကို ခုတ်ထွင်ရှင်းလင်းကြလော့”ဟု ဆိုလေ၏။
ထိုအခါ ယောရှုက ယောသပ်အမျိုးအနွယ်ဖြစ်သော ဧဖရိမ်အမျိုးနှင့် မနာရှေအမျိုးအား “သင်တို့သည် လူဦးရေများ၏၊ အင်အားလည်းကြီး၏။ သင်တို့ ဝေစုတစ်စုတည်း မလောက်လျှင်
တောင်ပေါ်ဒေသကိုလည်း သင်တို့အပိုင်ဖြစ်စေမည်။ ထိုဒေသသည် တောဖြစ်သောကြောင့် သင်တို့ခုတ်ထွင်ရှင်းလင်းရမည်။ သင်တို့ခုတ်ထွင်နိုင်သမျှ သင်တို့အပိုင်ဖြစ်မည်။ ခါနာန်လူမျိုးတို့သည် သံရထားများပိုင်ဆိုင်ပြီး အင်အားကြီးသော်လည်း သူတို့ကို သင်တို့နှင်ထုတ်နိုင်လိမ့်မည်”ဟု ပြန်ပြော၏။
ထာဝရဘုရားသည် ယုဒအမျိုးတို့နှင့်အတူ ပါရှိတော်မူသဖြင့် သူတို့သည် တောင်ပေါ်ဒေသတို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ချိုင့်ဝှမ်းဒေသ၌နေထိုင်သောသူတို့မူကား သံစစ်ရထားများပိုင်ဆိုင်သောကြောင့် ထိုသူတို့ကို မနှင်ထုတ်နိုင်ခဲ့ပေ။
သိသရသည် သူ၏စစ်ရထားအားလုံး၊ သံစစ်ရထားကိုးရာနှင့် မိမိလူအပေါင်းတို့ကို စုစည်းပြီးလျှင် ဟာရောရှက်ဟာဂေါအိမ်မြို့မှ ကိရှုန်မြစ်သို့ ချီတက်ကြ၏။
ထိုဘုရင်၌ သံစစ်ရထားအစီး ကိုးရာရှိ၏။ သူသည် အစ္စရေးအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး ရက်ရက်စက်စက်ညှဉ်းဆဲသောကြောင့် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားထံ အော်ဟစ်ကြလေ၏။
မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့ ပူးပေါင်းကြပြီး ဂျော်ဒန်မြစ်ကိုကူး၍ ယေဇရေလချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချကြ၏။
ဖိလိတ္တိတပ်တစ်တပ်လုံးသည် အာဖက်မြို့၌ စုဝေးကြ၏။ အစ္စရေးလူမျိုးတို့ကား ယေဇရေလမြို့ရှိ စမ်းရေတွင်းနား၌ စခန်းချကြ၏။