နားနေရာအရပ်သည် အလွန်ကောင်းပြီး ပြည်သည် အလွန်သာယာသည်ကို သူမြင်၏။ ထို့ကြောင့် ဝန်ကိုထမ်းရန်မိမိပခုံးကိုညွှတ်၍ သူသည် အခွန်ဆက်သောကျွန်ဖြစ်လာ၏။
ယောရှု 17:13 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့ အင်အားကြီးလာသောအခါတွင်လည်း ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ အလုပ်ကြမ်းလုပ်စေ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်အင်အား ကြီးလာသော်လည်း ခါနာန်အမျိုးသား အားလုံးတို့ကိုမနှင်ထုတ်ဘဲမိမိတို့ ထံ၌အစေခံစေကြ၏။ Garrad Bible နောက် ကာ လ ဣ သ ရေ လ အ မျိုး သား တို့ အင် အား တိုး တက် သော အ ခါ ထို သူ တို့ ကို မ နှင် ထုတ် ဘဲ လ မိုင်း သား ဖြစ် စေ ကြ၏။ Judson Bible ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေးစေကြ၏။ |
နားနေရာအရပ်သည် အလွန်ကောင်းပြီး ပြည်သည် အလွန်သာယာသည်ကို သူမြင်၏။ ထို့ကြောင့် ဝန်ကိုထမ်းရန်မိမိပခုံးကိုညွှတ်၍ သူသည် အခွန်ဆက်သောကျွန်ဖြစ်လာ၏။
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
အစ္စရေးအမျိုးသားတို့ အကုန်အစင်မသုတ်သင်နိုင်ခဲ့ဘဲ တိုင်းပြည်တွင်ကြွင်းကျန်နေခဲ့သောသူတို့၏သားမြေးများကို ရှောလမုန်မင်းကြီးသည် အလုပ်ကြမ်းသမားများအဖြစ် ယနေ့တိုင်အောင်ထားရှိ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့၌နေထိုင်သော ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ ယနေ့တိုင်အောင် ခါနာန်လူမျိုးတို့နှင့်အတူနေထိုင်ကြ၏။ သို့သော် သူတို့ကို အလုပ်ကြမ်းလုပ်စေ၏။
ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကိုသိသောဉာဏ်၌လည်းကောင်း ကြီးထွားကြလော့။ ယခုမှစ၍ ထာဝရနေ့ရက်ကာလတိုင်အောင် ကိုယ်တော်၌ ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
အစ္စရေးလူမျိုးတို့ အင်အားကြီးလာသောအခါတွင်လည်း ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ အခွန်ဆက်စေကြ၏။
ဇာဗုလုန်အမျိုးအနွယ်သည်လည်း ကိတရုန်မြို့သား၊ နဟာလောလမြို့သား တို့ကို မနှင်ထုတ်သောကြောင့် ခါနာန်လူမျိုးတို့သည် သူတို့နှင့်အတူနေထိုင်၍ အခွန်ဆက်သကြ၏။
နဿလိအမျိုးသားတို့သည်လည်း ဗက်ရှေမက်မြို့သား၊ ဗက်အာနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ ထိုပြည်သားခါနာန်လူမျိုးတို့နှင့်အတူနေထိုင်၍ ဗက်ရှေမက်မြို့သား၊ ဗက်အာနတ်မြို့သားတို့ကို အခွန်ဆက်စေကြ၏။
အာမောရိလူမျိုးတို့သည် အာယလုန်မြို့၊ ရှာလဗိမ်မြို့နှင့် ဟေရက်တောင်ပေါ်တို့တွင် အတင်းနေထိုင်ကြ၏။ ယောသပ်အမျိုးအနွယ် အင်အားကြီးလာသောအခါ အာမောရိလူမျိုးတို့ကို အခွန်ဆက်စေကြ၏။