တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။
ယောရှု 16:4 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့ ရရှိသောအမွေမြေဖြစ်သတည်း။ Common Language Bible ယောသပ်၏အဆက်အနွယ်များဖြစ်ကြ သောဧဖရိမ်အနွယ်နှင့် အနောက်မနာရှေ အနွယ်တို့သည်ဖော်ပြပါနယ်မြေကို အပိုင်ရရှိကြလေသည်။ Garrad Bible ထို သို့ ယော သပ် သား မ နာ ရှေ နှင့် ဧ ဖ ရိမ် တို့ သည် အ ပိုင် ကို ရ ကြ ၏။ Judson Bible ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့သည် အမွေခံရကြ၏။ |
တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။
ဘုရားရှင်ထာဝရဘုရားက “ဤသည်ကား အစ္စရေးအမျိုးအနွယ် တစ်ဆယ့်နှစ်နွယ်အတွက် သင်တို့ခွဲဝေကြရမည့် အမွေမြေနယ်နိမိတ်ဖြစ်၏။ ယောသပ်သည် ဝေစုနှစ်စု ရရမည်။
ယောသပ်၏သားတို့သည် မနာရှေအမျိုးအနွယ်နှင့် ဧဖရိမ်အမျိုးအနွယ်ဟူ၍ အမျိုးအနွယ်နှစ်နွယ်ဖြစ်လာ၏။ လေဝိအမျိုးကို အမွေမြေ မခွဲပေးသော်လည်း သူတို့နေစရာမြို့နှင့် သူတို့ပိုင်ဆိုင်သောတိရစ္ဆာန်များအတွက် စားကျက်မြေများကိုမူ ပေးထား၏။
ဧဖရိမ်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေကား ဤသို့တည်း။ သူတို့ရရှိသောအမွေမြေနယ်နိမိတ်မှာ အရှေ့ဘက် အတရုတ်အဒ္ဒါမြို့မှ အထက်ဗေသောရုန်မြို့တိုင်အောင် ဖြစ်၏။
တစ်နေ့တွင် ယောသပ်အမျိုးသားတို့က ယောရှုအား “အဘယ်ကြောင့် အကျွန်ုပ်တို့အား ဝေစုတစ်စုတည်းကိုသာ မဲချခွဲဝေပေးသနည်း။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူသဖြင့် ယခု အကျွန်ုပ်တို့၏လူဦးရေတိုးပွားနေပြီ”ဟု လျှောက်ဆိုလေ၏။
ပြည်ကို ခုနစ်ပိုင်းပိုင်းရမည်။ ယုဒလူမျိုးသည် တောင်ဘက်နယ်မြေတွင် နေထိုင်ရမည်။ ယောသပ်အမျိုးအနွယ်ကား မြောက်ဘက်နယ်မြေတွင် နေထိုင်ရမည်။