ယောနသန်နှင့် အဟိမတ်တို့သည် မြို့တွင်းသို့ဝင်ပြီး လူမြင်ခံ၍မရသဖြင့် အင်္ရောဂေလအရပ်တွင် နေနေ၏။ သတင်းရရှိသောအစေခံမလေးတစ်ဦးက သူတို့အား လာပြောပြသောအခါ သူတို့သည်လည်း ဒါဝိဒ်မင်းကြီးအား သွားပြောပြကြ၏။
ယောရှု 15:7 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် နယ်နိမိတ်သည် အာခေါ်ချိုင့်ဝှမ်းမှ ဒေဗိရဘက်သို့ တက်သွား၍ ချိုင့်ဝှမ်းတောင်ဘက်ရှိ အဒုမ္မိမ်တောင်ကုန်းမျက်နှာချင်းဆိုင် မြောက်ဘက်ဂိလဂါလအရပ်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် အင်ရှေမက်စမ်းရေတွင်းကိုဖြတ်၍ အင်္ရောဂေလအရပ်၌ ဆုံး၏။ Common Language Bible ဒုက္ခဟုခေါ်သောချိုင့်ဝှမ်းမှဒေဗိရမြို့သို့တက် သွား၏။ ထိုနောက်ချိုင့်ဝှမ်းတောင်ဘက်တွင်ရှိ သောအဒုမ္မိမ်တောင်ကြားနှင့်မျက်နှာချင်းဆိုင် ဂိလဂါလမြို့ရှိရာမြောက်ဘက်သို့ကွေ့ သွား၏။ ထိုနောက်အင်ရှေမက်စမ်းရေတွင်း မှအင်္ရောဂေလမြို့သို့ရောက်ပြီးလျှင်၊- Garrad Bible အာ ခေါ် ချိုင့် က၊ ဒေ ဗိ ရ မြို့ သို့ တက် သော်၊ မြောက် ဘက် သို့ လှည့် သ ဖြင့် ချောင်း တောင် ဘက် ရှိ၊ အ ဒု မ္မိမ် တောင် ကြား ရင် ဆိုင် ဂိ လ ဂါ လ မြို့ ကို မျက် နှာ မူ လျက်၊ အင် ရှေ မက် အိုင် သို့ ရောက်၍ အင်္ရော ဂေ လ စမ်း ရေ အ စွန်း ထိ၊ Judson Bible အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာသို့လည်းကောင်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့လည်းကောင်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရောဂေလရွာလမ်းသို့ လိုက်လျက်၊ |
ယောနသန်နှင့် အဟိမတ်တို့သည် မြို့တွင်းသို့ဝင်ပြီး လူမြင်ခံ၍မရသဖြင့် အင်္ရောဂေလအရပ်တွင် နေနေ၏။ သတင်းရရှိသောအစေခံမလေးတစ်ဦးက သူတို့အား လာပြောပြသောအခါ သူတို့သည်လည်း ဒါဝိဒ်မင်းကြီးအား သွားပြောပြကြ၏။
အဒေါနိယသည် ဘုရင့်သားတော်ဖြစ်သော မိမိညီအစ်ကိုအပေါင်းတို့နှင့် ခမည်းတော်၏အမှုထမ်းများဖြစ်သော ယုဒအမျိုးသားအပေါင်းတို့ကို ဖိတ်ခေါ်ပြီး အင်္ရောဂေလအရပ်နှင့်နီးသော ဇောဟေလက်ကျောက်ဖျာပေါ်တွင် သိုး၊ နွားနှင့် ဆူဖြိုးသောအကောင်တို့ကို ယဇ်ပူဇော်၏။
ငါ့ကိုရှာဖွေသော ငါ၏လူတို့အတွက် ရှာရုန်လွင်ပြင်သည် သိုးစားကျက်ဖြစ်မည်။ အာခေါ်ချိုင့်ဝှမ်းသည် နွားအုပ် လဲလျောင်းရာအရပ်ဖြစ်မည်။
သူတို့၏အမိသည် ပြည့်တန်ဆာလုပ်၏။ သူတို့ကိုကိုယ်ဝန်ဆောင်သောသူသည် ရှက်ဖွယ်သောအမှုကိုပြု၏။ အကြောင်းမူကား သူက ‘ငါ့အား မုန့်နှင့်ရေ၊ သိုးမွေးနှင့်ချည်ချော၊ ဆီနှင့်ဝိုင်ကို ပေးသောချစ်သူနောက်သို့ ငါလိုက်မည်’ဟု ဆိုတတ်၏။
ထို့နောက်တွင် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် တပ်စခန်းချရာဂိလဂါလအရပ်သို့ ပြန်လာခဲ့ကြလေ၏။
ထို့နောက် ကာလက်သည် ထိုပြည်မှ ဒေဗိရမြို့သို့ ချီတက်သွား၏။ ဒေဗိရမြို့ကို ယခင်က ကိရယဿေဖာမြို့ ဟုခေါ်၏။
ထိုမှ နယ်နိမိတ်သည် ဗက်ဟောဂလအရပ်သို့ တက်သွားပြီး မြောက်ဘက်ဗေသရာဗအရပ်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ တက်သွား၏။
ထိုမှ မြောက်ဘက်အရပ်သို့ကွေ့သွား၍ အင်ရှေမက်အရပ်သို့ရောက်၏။ ထိုမှ အဒုမ္မိမ်တောင်ကုန်းနှင့်မျက်နှာချင်းဆိုင် ဂေလိလုတ်အရပ်သို့ဆက်လာပြီး ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ ရောက်၏။
လူတို့သည် ပထမလ၊ ဆယ်ရက်မြောက်နေ့တွင် ဂျော်ဒန်မြစ်မှ တက်လာကြပြီးနောက် ဂျေရိခေါမြို့အရှေ့ဘက်နယ်စပ်ရှိ ဂိလဂါလအရပ်တွင် စခန်းချကြ၏။
ထိုအခါ ယောရှုနှင့်အစ္စရေးအမျိုးသားအပေါင်းတို့သည် ဇေရအမျိုးသားအာခန်ကို သူယူခဲ့သော ငွေ၊ ဝတ်လုံ၊ ရွှေချောင်းနှင့်တကွ သူ၏သားသမီး၊ နွား၊ မြည်း၊ သိုး၊ တဲ စသည့် သူပိုင်ဆိုင်သမျှတို့ကို အာခေါ်ချိုင့်ဝှမ်းသို့ ထုတ်ဆောင်သွားကြ၏။
ထို့နောက် သူ့အပေါ် ကျောက်ပုံကြီးကို ပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။ ထိုအခါ ထာဝရဘုရားသည် အမျက်ပြင်းစွာထွက်ရာမှ ပြေလေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဝှမ်းဟုမှည့်ခေါ်လေ၏။