Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 15:7 - Common Language Bible

7 ဒုက္ခ​ဟု​ခေါ်​သော​ချိုင့်​ဝှမ်း​မှ​ဒေဗိရ​မြို့​သို့​တက် သွား​၏။ ထို​နောက်​ချိုင့်​ဝှမ်း​တောင်​ဘက်​တွင်​ရှိ သော​အ​ဒုမ္မိမ်​တောင်​ကြား​နှင့်​မျက်​နှာ​ချင်း​ဆိုင် ဂိ​လ​ဂါ​လ​မြို့​ရှိ​ရာ​မြောက်​ဘက်​သို့​ကွေ့ သွား​၏။ ထို​နောက်​အင်​ရှေ​မက်​စမ်း​ရေ​တွင်း မှ​အင်္ရော​ဂေလ​မြို့​သို့​ရောက်​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အာ ခေါ် ချိုင့် က၊ ဒေ ဗိ ရ မြို့ သို့ တက် သော်၊ မြောက် ဘက် သို့ လှည့် သ ဖြင့် ချောင်း တောင် ဘက် ရှိ၊ အ ဒု မ္မိမ် တောင် ကြား ရင် ဆိုင် ဂိ လ ဂါ လ မြို့ ကို မျက် နှာ မူ လျက်၊ အင် ရှေ မက် အိုင် သို့ ရောက်၍ အင်္ရော ဂေ လ စမ်း ရေ အ စွန်း ထိ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အာ​ခေါ်​ချိုင့်​မြောက်​ဘက်​မှ​ထွက်၍ ဒေ​ဗိ​ရ​ရွာ​သို့​လည်း​ကောင်း၊ မြစ်​တောင်​ဘက် အ​ဒု​မ္မိမ်​ကုန်း​ရှေ့၌​ရှိ​သော ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​ကောင်း ရောက်​ပြီး​မှ၊ အင်​ရှေ​မက်​အိုင်၊ အင်္ရော​ဂေ​လ​ရွာ​လမ်း​သို့ လိုက်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 တစ်ဖန် နယ်နိမိတ်​သည် အာခေါ်​ချိုင့်ဝှမ်း​မှ ဒေဗိရ​ဘက်​သို့ တက်သွား​၍ ချိုင့်ဝှမ်း​တောင်ဘက်​ရှိ အဒုမ္မိမ်​တောင်ကုန်း​မျက်နှာချင်းဆိုင် မြောက်ဘက်​ဂိလဂါလ​အရပ်​သို့ လှည့်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် အင်ရှေမက်​စမ်းရေတွင်း​ကို​ဖြတ်​၍ အင်္ရောဂေလ​အရပ်​၌ ဆုံး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 15:7
13 ပူးပေါင်းရင်းမြစ်များ  

ဇာ​ဒုတ်​၏​သား​ယော​န​သန်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မတ်​တို့​သည်​လူ​မြင်​မည်​စိုး ၍ မြို့​ထဲ​မ​ဝင်​ဝံ့​ဘဲ​အင်္ရော​ဂေ​လ​ရွာ​တွင် စောင့်​နေ​ကြ​၏။ ဒါ​ဝိဒ်​ထံ​သို့​သူ​တို့​ယူ ဆောင်​ရန်​သ​တင်း​ကို​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​က​လာ​ရောက်​ပေး​ပို့​သည့်​အ​တိုင်း သူ​တို့​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​လျှောက် ကြ​၏။-


တစ်​နေ့​သော​အ​ခါ​အ​ဒေါ​နိ​ယ​သည် အင်္ရော ဂေ​လ​စမ်း​ချောင်း​အ​နီး၊ မြွေ​ကျောက်​ဆောင် တွင်​သိုး​နွား​နှင့်​ဆူ​ဖြိုး​သော​ကျွဲ​ငယ်​များ ကို​ယဇ်​ပူ​ဇော်​ကာ ဒါ​ဝိဒ်​မင်း​၏​အ​ခြား သား​တော်​များ​နှင့်​ယု​ဒ​မှူး​မတ်​များ​အား ထို​ပူ​ဇော်​ပွဲ​သို့​ခေါ်​ဖိတ်​လေ​သည်။-


သူ​တို့​သည်​ငါ့​ကို​ရှိ​ခိုး​ဝတ်​ပြု​ကာ​မိ​မိ​တို့ ၏​သိုး​နှင့်​ကျွဲ​နွား​များ​ကို​အ​နောက်​ဘက်​ရှိ ရှာ​ရုန်​လွင်​ပြင်​တွင်​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​အာ​ခေါ်​ချိုင့်​စား​ကျက်​များ​တွင်​လည်း ကောင်း နား​နေ​စ​ရာ​အ​ဖြစ်​ကျောင်း​ကြ လိမ့်​မည်။


သူ​တို့​မိ​ခင်​သည်​သစ္စာ​မဲ့​လျက်​သူ​တို့​အား အ​ရှက်​မဲ့​စွာ​မွေး​ဖွား​ခဲ့​၏။ သူ​ကိုယ်​တိုင် က``ငါ့​အား​စား​စ​ရာ​အ​စာ​ရေ​စာ၊ သိုး မွေး၊ ချည်​နှင့်​သံ​လွင်​ဆီ၊ စ​ပျစ်​ရည်​ကို ပေး​သော​ချစ်​သူ​တို့​နောက်​သို့​ငါ​လိုက် မည်'' ဟု​ဆို​၏။


ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား အ​ပေါင်း​တို့​သည် ဂိ​လ​ဂါ​လ​စခန်း​သို့​ပြန် လာ​ကြ​လေ​သည်။


သူ​သည်​ထို​မြို့​မှ​တစ်​ဆင့်​ဒေ​ဗိ​ရ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​လေ​သည်။ (ယ​ခင်​က​ဒေ​ဗိ​ရ မြို့​သည်​ကိ​ရ​ယ​ဿေ​ဖာ​မြို့​ဟု​ခေါ်​တွင်​သည်။-)


ဗေ​သော​ဂ​လ​မြို့​သို့​လည်း​ကောင်း၊ ထို​မှ တစ်​ဖန်​ဗော​ဟန်​၏​ကျောက်(ဗော​ဟန်​သည် ရု​ဗင်​၏​သား​ဖြစ်​သည်) သို့​ရောက်​ပြီး​လျှင်၊-


ထို​မှ​တစ်​ဖန်​မြောက်​ဘက်​အင်​ရှေ​မက်​ရွာ​သို့ ကွေ့​ပြီး​လျှင် အ​ဒုမ္မိမ်​တောင်​ကြား​တစ်​ဘက် တွင်​ရှိ​သော​ဂေ​လိ​လုတ်​ရွာ​သို့​ရောက်​သည်။ ထို​နောက်​ဗောဟန်​၏​ကျောက်(ဗော​ဟန်​သည်​ရုဗင် ၏​သား​ဖြစ်​၏) သို့​ဆင်း​လာ​ပြီး​လျှင်၊-


လူ​အ​ပေါင်း​တို့​သည်​ပ​ထ​မ​လ​ဆယ်​ရက်​နေ့ ၌​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ပြီး​နောက် ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ဂိ​လ​ဂါ​လ​အ​ရပ် ၌​စ​ခန်း​ချ​ကြ​သည်။-


ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​အာ​ခန်​နှင့်​တ​ကွ​ငွေ၊ ဝတ်​ရုံ​နှင့်​ရွှေ ချောင်း​ကို​လည်း​ကောင်း၊ သူ​၏​သား​သ​မီး​များ၊ သိုး၊ နွား၊ မြည်း၊ တဲ​နှင့်​သူ​ပိုင်​ပစ္စည်း​ရှိ​သ​မျှ တို့​ကို​လည်း​ကောင်း​ဒုက္ခ​ချိုင့်​ဝှမ်း​သို့​ခေါ် ဆောင်​သွား​ကြ​လေ​သည်။-


သူ​၏​အ​လောင်း​ပေါ်​တွင်​ကျောက်​ခဲ​ပုံ​ကြီး ကို​ပုံ​ထား​ကြ​၏။ ထို​ကျောက်​ပုံ​ကြီး​ကို ယ​နေ့​တိုင်​အောင်​တွေ့​မြင်​နိုင်​သည်။ ထို​အ​ဖြစ် အ​ပျက်​ကို​အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို`ဒုက္ခ ချိုင့်​ဝှမ်း' ဟု​ယ​နေ့​တိုင်​ခေါ်​တွင်​ကြ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ