မာဒမေန၏ဖခင်ရှာဖ၊ မာခဗေနနှင့်ဂိဗေတို့၏ဖခင်ရှေဝ တို့ကိုလည်းမွေးဖွား၏။ ကာလက်၏သမီးမှာ အာခသဖြစ်၏။
ယောရှု 15:17 - မြန်မာ့စံမီသမ္မာကျမ်း ကာလက်၏ညီ ကေနတ်၏သား ဩသံယေလက ထိုမြို့ကိုသိမ်းပိုက်နိုင်သဖြင့် ကာလက်သည် ဩသံယေလအား သမီးအာခသနှင့် ပေးစားလေ၏။ Common Language Bible ကာလက်၏ညီကေနတ်၏သားသြသံ ယေလသည်ထိုမြို့ကိုသိမ်းယူနိုင်သဖြင့် သူ၏သမီးအာခသနှင့်ထိမ်းမြားလက် ထပ်ပေးလေသည်။- Garrad Bible ကေ နတ် အ မျိုး၊ ညီ သြ သံ ယေ လ တိုက် ယူ သည့် အ လျောက်၊ သ မီး အာ မ ခ သ နှင့် ပေး စား လေ၏။ Judson Bible ကာလက်ညီ ကေနတ်၏သားဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။ |
မာဒမေန၏ဖခင်ရှာဖ၊ မာခဗေနနှင့်ဂိဗေတို့၏ဖခင်ရှေဝ တို့ကိုလည်းမွေးဖွား၏။ ကာလက်၏သမီးမှာ အာခသဖြစ်၏။
ဒွါဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒွါဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဩသံယေလအမျိုးမှ နေတောဖမြို့သား ဟေလဒဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
ကေနတ်၏သားများမှာ ဩသံယေလနှင့် စရာယ တို့ဖြစ်ကြ၏။ ဩသံယေလ၏သားများမှာ ဟာသတ်နှင့် မောနောသဲ တို့ဖြစ်ကြ၏။
သို့သော် ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုတို့သည် ထာဝရဘုရားနောက်သို့လုံးလုံးလိုက်သောကြောင့် ထိုပြည်ကို မြင်ရလိမ့်မည်’ဟု ကျိန်ဆိုတော်မူ၏။
တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။
ကာလက်က “ကိရယဿေဖာမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်သောသူအား ငါ့သမီးအာခသနှင့် ပေးစားမည်”ဟု ဆို၏။
ကာလက်၏ညီ ကေနတ်၏သား ဩသံယေလက ထိုမြို့ကိုသိမ်းပိုက်နိုင်သဖြင့် ကာလက်သည် သူ့အား သမီးအာခသနှင့် ပေးစားလေ၏။
တိုင်းပြည်လည်း အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။ ထို့နောက်မှ ကေနတ်၏သား ဩသံယေလ သေဆုံး၏။
သို့သော် အစ္စရေးအမျိုးသားတို့ ထာဝရဘုရားထံ အော်ဟစ်သောအခါ ထာဝရဘုရားသည် သူတို့ကို ကယ်တင်မည့်ကယ်တင်ရှင်တစ်ဦးကို အစ္စရေးလူမျိုးထဲမှ ပေါ်ထွန်းစေတော်မူ၏။ ထိုသူကား ကာလက်၏တူ၊ ကေနတ်၏သား ဩသံယေလပေတည်း။