ဗုက္ကိသည် အဘိရွှ၏သား၊ အဘိရွှသည် ဖိနဟတ်၏သား၊ ဖိနဟတ်သည် ဧလာဇာ၏သား၊ ဧလာဇာသည် ယဇ်ပုရောဟိတ်မင်းအာရုန်၏သား ဖြစ်၏။
ယောရှု 14:1 - မြန်မာ့စံမီသမ္မာကျမ်း ခါနာန်ပြည်တွင် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးများက အမွေခွဲပေး၍ အစ္စရေးအမျိုးသားတို့ ရရှိသောအမွေမြေကား ဤသို့တည်း။ Common Language Bible ယော်ဒန်မြစ်အနောက်ဘက်ရှိခါနာန်ပြည် ကို ဣသရေလအမျိုးသားတို့အားခွဲဝေ ပေးပုံကိုဖော်ပြပေအံ့။ ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်များ၏မိသားစုခေါင်းဆောင်တို့က ဣသရေလအမျိုးသားတို့အားထိုပြည် ကိုခွဲဝေပေးကြ၏။- Garrad Bible မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် နှင့် အ ညီ၊ ကိုး နွယ် နှင့် တစ် ဝက် တို့ အား ပ ရော ဟိတ် ဧ လာ ဇာ၊ နုန့် သား ယော ရှု နှင့် ဣ သ ရေ လ အ မျိုး အ နွယ် အိမ် ထောင် အ အုပ် အ ချုပ် တို့ မဲ ချ ဝေ ပေး ကြ သည့် အ တိုင်း၊ ခါ နာန် ပြည်၌ ဣ သ ရေ လ အ မျိုး သား တို့ အ ပိုင် ရ သော နယ် များ ကို ဆို ပေ အံ့။ Judson Bible ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။ |
ဗုက္ကိသည် အဘိရွှ၏သား၊ အဘိရွှသည် ဖိနဟတ်၏သား၊ ဖိနဟတ်သည် ဧလာဇာ၏သား၊ ဧလာဇာသည် ယဇ်ပုရောဟိတ်မင်းအာရုန်၏သား ဖြစ်၏။
မြေကိုအမွေခွဲဝေသောအခါ သင်တို့သည် ထိုမြေထဲမှ မြေတစ်ကွက်ကို သန့်ရှင်းသောအလှူအဖြစ် ထာဝရဘုရားအဖို့ ခွဲထားရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်း ရှိရမည်။ ထိုမြေပတ်ပတ်လည်နယ်နိမိတ်သည်လည်း သန့်ရှင်းရမည်။
မောရှေကလည်း အစ္စရေးအမျိုးသားတို့အား “ဤသည်ကား အမျိုးအနွယ်ကိုးနွယ်နှင့် အမျိုးအနွယ်တစ်ဝက်တို့အား ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မဲဖြင့်ခွဲ၍ သင်တို့အမွေဆက်ခံရမည့်မြေဖြစ်၏။
ထို့နောက် ခါနာန်ပြည်ရှိလူမျိုးခုနစ်မျိုးတို့ကို ဖျက်ဆီး၍ သူတို့၏တိုင်းပြည်ကို လူမျိုးတော်အား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။
ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား အမွေအဖြစ်ပေးတော်မူသောပြည်၌ သင်တို့နေထိုင်ရမည်။ ကိုယ်တော်သည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသဖြင့် သင်တို့လုံခြုံစွာနေရလိမ့်မည်။
လက်ဘနွန်ပြည်မှစ၍ မိသရဖောသမိမ်ပြည်တိုင်အောင် တောင်ပေါ်ဒေသတွင်နေထိုင်သောဆီဒုန်လူမျိုးအပေါင်းတို့ကို အစ္စရေးအမျိုးသားတို့ရှေ့မှ ငါနှင်ထုတ်မည်။ ငါမိန့်မှာသည့်အတိုင်း ဤပြည်ကို အစ္စရေးလူမျိုးတို့အား အမွေမြေအဖြစ် သင်ခွဲဝေပေးရမည်။
ဤရွေ့ကား ရှိလောအရပ်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ အစ္စရေးအမျိုးအနွယ်တို့၏ခေါင်းဆောင်တို့က မဲချခွဲဝေပေးသောအမွေမြေများ ဖြစ်၏။ ဤသို့ဖြင့် ပြည်ကိုခွဲဝေယူခြင်းအမှု ပြီးစီးလေ၏။
လေဝိအမျိုး၏အိမ်ထောင်စုအကြီးအမှူးတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးတို့ရှိရာ ခါနာန်ပြည်၊ ရှိလောအရပ်သို့လာ၍