ယောရှု 14:1 - Common Language Bible1 ယော်ဒန်မြစ်အနောက်ဘက်ရှိခါနာန်ပြည် ကို ဣသရေလအမျိုးသားတို့အားခွဲဝေ ပေးပုံကိုဖော်ပြပေအံ့။ ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်များ၏မိသားစုခေါင်းဆောင်တို့က ဣသရေလအမျိုးသားတို့အားထိုပြည် ကိုခွဲဝေပေးကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1-2 မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် နှင့် အ ညီ၊ ကိုး နွယ် နှင့် တစ် ဝက် တို့ အား ပ ရော ဟိတ် ဧ လာ ဇာ၊ နုန့် သား ယော ရှု နှင့် ဣ သ ရေ လ အ မျိုး အ နွယ် အိမ် ထောင် အ အုပ် အ ချုပ် တို့ မဲ ချ ဝေ ပေး ကြ သည့် အ တိုင်း၊ ခါ နာန် ပြည်၌ ဣ သ ရေ လ အ မျိုး သား တို့ အ ပိုင် ရ သော နယ် များ ကို ဆို ပေ အံ့။ အခန်းကိုကြည့်ပါ။Judson Bible1 ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ခါနာန်ပြည်တွင် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးများက အမွေခွဲပေး၍ အစ္စရေးအမျိုးသားတို့ ရရှိသောအမွေမြေကား ဤသို့တည်း။ အခန်းကိုကြည့်ပါ။ |
သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-
ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။
လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။-