သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ ယာဇာမြို့၊ ဂိလဒ်ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်ရှိ အာရော်မြို့အထိ အမ္မုန်အမျိုးသားတို့၏ပြည်တစ်ဝက်၊
သူတို့၏နယ်မြေသည်ယာဇာမြို့နှင့်ဂိလဒ် ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်တွင် ရှိသောအာရော်မြို့အထိကျယ်ပြန့်သော အမ္မုန်ပြည်တစ်ဝက်ပါဝင်သည်။-
ယာ ဇာ မြို့ မှ စ၍၊ ဂိ လဒ် နယ် အ တွင်း မြို့ ရှိ သ မျှ နှင့် ရ ဗ္ဗာ မြို့ ရှေ့ အာ ရော် မြို့ တိုင် အောင် အ မ္မုန် ပြည် တစ် ဝက်၊
ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည်တစ်ဝက်၊
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။
ထိုကာလတွင် ယွာဘသည် အမ္မုန်အမျိုးသားတို့၏ရဗ္ဗာမြို့ကို တိုက်ခိုက်၍ နန်းမြို့တော်ကိုသိမ်းယူပြီးလျှင်
သူတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်ဝှမ်းအလယ် အာရော်မြို့တောင်ဘက်တွင် စခန်းချကြပြီးနောက် ယာဇာမြို့သို့ဆက်သွားကြ၏။
ဟေဗြုန်အမျိုးဖြစ်သော ယေရိယသည် ဘိုးဘေးအိမ်ထောင်စု၏ဆွေစဉ်မျိုးဆက်အရ ဟေဗြုန်အမျိုး၏အကြီးအမှူးဖြစ်၏။ ဒါဝိဒ်မင်းကြီးနန်းစံအနှစ်လေးဆယ်အတွင်း ရဲစွမ်းသတ္တိရှိသူများကို ရှာဖွေရာ သူတို့ကို ဂိလဒ်ပြည်၊ ယာဇာမြို့တွင် တွေ့ခဲ့၏။
ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ စသည်ဖြင့် ခွဲဝေပေး၏။
စိဗမာ၏အကောင်းဆုံးစပျစ်ပင်များသည် ယာဇာမြို့တိုင်အောင်ရောက်၍ တောကန္တာရအထိပြန့်ပွားသွားပြီး အခက်အလက်တို့သည် ဆန့်ထွက်လျက် ပင်လယ်ကိုကျော်လွန်သွား၏။ ထိုစပျစ်ပင်များကို တိုင်းနိုင်ငံတို့၏အရှင်သခင်တို့သည် ချိုးကြ၏။ ဟေရှဘုန်လယ်ပြင်များ၊ စိဗမာစပျစ်ပင်များသည် ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။
အာရော်မြို့ရွာများသည် စွန့်ပစ်ခြင်းခံရ၍ တိရစ္ဆာန်အုပ်တို့နေစရာဖြစ်လိမ့်မည်။ တိရစ္ဆာန်တို့သည် ခြောက်လှန့်မည့်သူမရှိဘဲ ထိုနေရာတွင် အိပ်ရလိမ့်မည်။
အို စိဗမာမြို့ရှိစပျစ်နွယ်ပင်၊ ယာဇာမြို့ကြောင့် ငိုကြွေးသည်ထက် သင့်ကြောင့် ငါငိုကြွေးမည်။ သင်၏အကိုင်းတို့သည် ဖြာထွက်၍ ယာဇာပင်လယ်တိုင်အောင် ရောက်ရှိကြ၏။ သို့သော် သင်၏နွေရာသီသီးနှံနှင့် စပျစ်သီးတို့သည် အဖျက်ဆီးခံရလေပြီ။
အမ္မုန်ပြည်၊ ရဗ္ဗာမြို့သို့ ဓားသွားမည့်လမ်းတစ်လမ်းနှင့် ယုဒပြည်၊ ဂျေရုဆလင်ခံတပ်မြို့သို့ ဓားသွားမည့်လမ်းတစ်လမ်းကို မှတ်သားရမည်။
ထို့ကြောင့် စစ်ဖြစ်သည့်နေ့တွင်ကြွေးကြော်သောအသံနှင့်အတူ၊ လေပြင်းကျသည့်နေ့တွင်တိုက်သောမုန်တိုင်းနှင့်အတူ ငါသည် ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
မောရှေသည် လူလွှတ်၍ ယာဇာမြို့ကိုထောက်လှမ်းပြီးနောက် ထိုမြို့နှင့်ဆိုင်သောမြို့ရွာတို့ကိုသိမ်းပိုက်ပြီး ထိုအရပ်ရှိအာမောရိလူမျိုးတို့ကို နှင်ထုတ်လေ၏။
အာတရုတ်ရှောဖန်၊ ယာဇာ၊ ယုဗ္ဗေဟ၊
သင်တို့သည် အမ္မုန်အမျိုးသားတို့ထံသို့ရောက်သောအခါ သူတို့ကို ရန်မပြုနှင့်။ သူတို့ကိုရန်မစနှင့်။ အမ္မုန်အမျိုးသားတို့၏ပြည်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့ပြည်ကို သင်တို့ပိုင်ဖို့ငါမပေး။
(အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။)
ဂိလဒ်ပြည်၊ ဂေရှုရိလူမျိုးနှင့် မာခါသိလူမျိုးတို့၏နယ်မြေ၊ ဟေရမုန်တောင်တစ်တောင်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးမှစ၍ သာလကမြို့အထိ
မောရှေသည် ဂဒ်အမျိုးအနွယ်ကို မျိုးနွယ်စုအလိုက် အမွေမြေခွဲဝေပေး၏။
ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့အထိ၊ မဟာနိမ်မြို့မှ ဒေဗိရမြို့နယ်နိမိတ်အထိ၊
ဟေရှဘုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့ပေါင်းလေးမြို့ကို ပေး၏။ (ရာမုတ်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။)
ဂိလဒ်အမျိုးသည် ဂျော်ဒန်မြစ်တစ်ဖက်၌ပင် နေနေကြပါသည်တကား။ ဒန်အမျိုးကား အဘယ်ကြောင့် သင်္ဘောများပေါ်၌ နေရစ်ရသနည်း။ အာရှာအမျိုးကလည်း ပင်လယ်ကမ်းခြေ၌သာ ထိုင်နေကြပါသည်တကား၊ ပင်လယ်ဆိပ်ကမ်း၌သာ နေထိုင်ကြပါသည်တကား။