အကျွန်ုပ်၏အသက်ကိုပျက်စီးဆုံးပါးစေရန် ရှာကြံသောသူတို့သည် မြေကြီး၏နက်သောအရပ်သို့ ရောက်သွားကြလိမ့်မည်။
ယောရှု 10:25 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောရှုက သူတို့အား “မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ အားယူ၍ရဲရင့်ခြင်းရှိကြလော့။ သင်တို့နှင့်တိုက်ခိုက်သောရန်သူဟူသမျှကို ထာဝရဘုရားက ဤသို့ဖြစ်စေတော်မူမည်”ဟု ဆိုလေ၏။ Common Language Bible ယောရှုကဗိုလ်မှူးတို့အား``ထာဝရဘုရား သည်သင်တို့၏ရန်သူဟူသမျှကို ဤသို့ပြု တော်မူမည်ဖြစ်သောကြောင့်မကြောက်ကြ နှင့်။ စိတ်မပျက်ကြနှင့်။ အားမာန်တင်း၍ရဲ ရင့်ခြင်းရှိကြလော့'' ဟူ၍ဆိုလေ၏။- Garrad Bible ယော ရှု က၊ ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် စစ် တိုက် သော ရန် သူ ဟူ သ မျှ ကို Judson Bible ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူအပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူမည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊ |
အကျွန်ုပ်၏အသက်ကိုပျက်စီးဆုံးပါးစေရန် ရှာကြံသောသူတို့သည် မြေကြီး၏နက်သောအရပ်သို့ ရောက်သွားကြလိမ့်မည်။
အကျွန်ုပ်သည် ထာဝရဘုရား၏ လုပ်ဆောင်တော်မူချက်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်သောအမှုတို့ကို အမှန်ပင် အောက်မေ့ပါမည်။
သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။
ဘုရားသခင်သည် ဤမျှလောက်ကြီးမားသောသေဘေးမှ ငါတို့ကိုကယ်နုတ်တော်မူပြီ။ နောင်တွင်လည်း ကယ်နုတ်တော်မူလိမ့်မည်။ ဆက်၍လည်း ကယ်နုတ်တော်မူဦးမည်ဟု ကိုယ်တော်၌ ငါတို့မျှော်လင့်ကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
သင်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ပြင်းထန်သောစုံစမ်းမှုများကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကိုလည်းကောင်း၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကို ဆန့်လျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း အထူးအောက်မေ့ရမည်။ သင်ကြောက်ရွံ့ရသည့်လူမျိုးအပေါင်းတို့ကိုလည်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုနည်းတူပြုတော်မူမည်။
အားယူ၍ရဲရင့်ခြင်းရှိလော့။ ဤပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်ကို သူတို့အား အမွေခွဲဝေပေးရမည်။
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ယောရှုအား “သူတို့ကို သင့်လက်သို့ ငါအပ်ပြီဖြစ်၍ သူတို့ကို မကြောက်နှင့်။ သင့်ရှေ့၌ ထိုသူတို့တစ်ယောက်မျှ ခံရပ်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ပြင် ဒါဝိဒ်က “ခြင်္သေ့လက်၊ ဝက်ဝံလက်မှ အကျွန်ုပ်ကိုကယ်တင်တော်မူသောထာဝရဘုရားသည် ထိုဖိလိတ္တိပြည်သား၏လက်မှလည်း ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုလျှင် ရှောလုမင်းကြီးက ဒါဝိဒ်အား “သို့ဖြစ်လျှင် သွားပါလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသော”ဟု ဆိုပြီး