သို့ဖြစ်၍ ထပါ။ ဤအမှုကို ဦးဆောင်ပါ။ အကျွန်ုပ်တို့သည် သင်နှင့်အတူ ပါရှိမည်ဖြစ်၍ ရဲရင့်စွာလုပ်ဆောင်ပါ”ဟု ဆိုကြသဖြင့်
ယောရှု 1:18 - မြန်မာ့စံမီသမ္မာကျမ်း သင့်စကားကို ဖီဆန်သောသူ၊ သင်မိန့်မှာသမျှစကားကို မနာခံသောသူအားလုံး သေဒဏ်ခံရမည်။ အားယူ၍ရဲရင့်ခြင်းသာရှိလော့”ဟု ပြန်ပြောကြ၏။ Common Language Bible ကိုယ်တော်၏အာဏာကိုဖီဆန်၍အမိန့် ကိုမနာခံသောသူအား သေဒဏ်ခံစေ ပါမည်။ သို့ဖြစ်၍အားမာန်တင်း၍ ရဲရင့် ခြင်းရှိတော်မူပါ'' ဟု ဖြေကြားကြ၏။ Garrad Bible အ ရာ ရာ၌ မိန့် ဆို ချက် ကို မ လိုက် မ နာ၊ ဖီ ဆန် သူ မည် သူ မ ဆို သေ ဒဏ် ခံ ပါ မည်။ အား ယူ၍ ရဲ ရင့် တော် မူ ပါ ဟု ယော ရှု ထံ ဝန် ခံ ကြ ကုန်၏။ Judson Bible အာဏာတော်ကိုဆန်၍၊ မှာထားတော်မူသမျှသောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော်မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယောရှုအားပြန်လျှောက်ကြ၏။ |
သို့ဖြစ်၍ ထပါ။ ဤအမှုကို ဦးဆောင်ပါ။ အကျွန်ုပ်တို့သည် သင်နှင့်အတူ ပါရှိမည်ဖြစ်၍ ရဲရင့်စွာလုပ်ဆောင်ပါ”ဟု ဆိုကြသဖြင့်
ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
တစ်စုံတစ်ယောက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင်သောယဇ်ပုရောဟိတ်ကိုသော်လည်းကောင်း၊ တရားသူကြီးကိုသော်လည်းကောင်း နားမထောင်ဘဲ အတင့်ရဲစွာပြုမူနေလျှင် ထိုသူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။
မောရှေ၏စကားကို အရာရာ၌နားထောင်သကဲ့သို့ သင်၏စကားကို အကျွန်ုပ်တို့ နားထောင်ပါမည်။ ဘုရားသခင်ထာဝရဘုရားသည် မောရှေနှင့်အတူ ရှိသကဲ့သို့ သင်နှင့်အတူ ရှိပါစေ။
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
နုန်၏သားယောရှုသည် သူလျှိုနှစ်ဦးကို ရှိတ္တိမ်အရပ်မှ တိတ်တဆိတ်စေလွှတ်၍ “ခါနာန်ပြည်၊ ဂျေရိခေါမြို့ကို သွား၍စူးစမ်းကြလော့”ဟု မှာလိုက်၏။ သူတို့လည်း သွား၍ ရာခပ်အမည်ရှိသောပြည့်တန်ဆာမ၏အိမ်သို့ဝင်၍ ညအိပ်ကြ၏။
ထိုအခါ လူတို့က ရှမွေလအား “ ‘ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လော’ဟု ဆိုခဲ့သောသူများကား မည်သူနည်း။ အကျွန်ုပ်တို့ထံ အပ်ပါလော့။ သူတို့ကို သတ်ပစ်မည်”ဟု ဆိုကြ၏။