ထို့ကြောင့် အာရွှေရုမင်းကြီးနန်းစံတစ်ဆယ့်နှစ်နှစ်၊ နိသန်ဟုခေါ်သောပထမလတွင် ဟာမန်ရှေ့၌ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ပုရမဲကိုချရာ အာဒါဟုခေါ်သောတစ်ဆယ့်နှစ်လတွင် မဲကျ၏။
ယောန 1:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့က “မည်သူ့ကြောင့် ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်ကိုသိရှိနိုင်ရန် လာကြ၊ မဲချကြစို့”ဟု အချင်းချင်းပြောဆိုပြီး မဲချကြရာ ယောန၌မဲကျလေ၏။ Common Language Bible ထိုနောက်သင်္ဘောသားတို့က``ငါတို့ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်ဖြစ်သည်ကိုသိရအောင်မဲချကြကုန်အံ့'' ဟုအချင်းချင်းပြောဆိုကြ၏။ သူတို့မဲချကြသောအခါယောနမဲကျလေ၏။- Garrad Bible ထို သူ တို့ က လည်း လာ ကြ။ မည် သူ့ အ တွက် ကြောင့် ဤ ဘေး သင့် ရောက် သည် ကို ငါ တို့ သိ စေ ခြင်း ငှာ၊ မဲ ချ ကြ ကုန် အံ့ ဟု အ ချင်း ချင်း ပြော ဆို၍ မဲ ချ လျှင်၊ ယော န အ ပေါ် သို့ ကျ လေ ၏။ Judson Bible နောက်တစ်ဖန် သူတို့က၊ လာကြ။ အဘယ်သူ၏အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံချလျှင် ယောန၌ စာရေးတံကျ၏။ |
ထို့ကြောင့် အာရွှေရုမင်းကြီးနန်းစံတစ်ဆယ့်နှစ်နှစ်၊ နိသန်ဟုခေါ်သောပထမလတွင် ဟာမန်ရှေ့၌ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ပုရမဲကိုချရာ အာဒါဟုခေါ်သောတစ်ဆယ့်နှစ်လတွင် မဲကျ၏။
ငါသည် ဘုရားသခင်အား ‘အကျွန်ုပ်ကို အပြစ်ရှိသည်ဟု မစီရင်ပါနှင့်။ အဘယ်ကြောင့် အကျွန်ုပ်အား စွဲချက်တင်တော်မူသည်ကို အကျွန်ုပ်အား မိန့်ဆိုတော်မူပါ။
သူတို့သည် အကျွန်ုပ်၏အဝတ်တို့ကို အချင်းချင်းခွဲဝေကြ၍ အကျွန်ုပ်၏ဝတ်လုံအတွက် မဲချကြပါ၏။
မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
ထိုသို့မပြုလျှင် သင်တို့သည် ထာဝရဘုရားကိုပြစ်မှားပြီဖြစ်၍ သင်တို့အပြစ်အတွက် သင်တို့ ခံရမည်ဟု သိမှတ်ကြလော့။
ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေကြ၏။
ထို့နောက် ခါနာန်ပြည်ရှိလူမျိုးခုနစ်မျိုးတို့ကို ဖျက်ဆီး၍ သူတို့၏တိုင်းပြည်ကို လူမျိုးတော်အား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ထိုအခါ ထာဝရဘုရားက ယောရှုအား “ထလော့။ အဘယ်ကြောင့် ဤသို့ပျပ်ဝပ်လျက်နေရသနည်း။