ယောန 1:7 - Common Language Bible7 ထိုနောက်သင်္ဘောသားတို့က``ငါတို့ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်ဖြစ်သည်ကိုသိရအောင်မဲချကြကုန်အံ့'' ဟုအချင်းချင်းပြောဆိုကြ၏။ သူတို့မဲချကြသောအခါယောနမဲကျလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 ထို သူ တို့ က လည်း လာ ကြ။ မည် သူ့ အ တွက် ကြောင့် ဤ ဘေး သင့် ရောက် သည် ကို ငါ တို့ သိ စေ ခြင်း ငှာ၊ မဲ ချ ကြ ကုန် အံ့ ဟု အ ချင်း ချင်း ပြော ဆို၍ မဲ ချ လျှင်၊ ယော န အ ပေါ် သို့ ကျ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 နောက်တစ်ဖန် သူတို့က၊ လာကြ။ အဘယ်သူ၏အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံချလျှင် ယောန၌ စာရေးတံကျ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထို့နောက် သူတို့က “မည်သူ့ကြောင့် ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်ကိုသိရှိနိုင်ရန် လာကြ၊ မဲချကြစို့”ဟု အချင်းချင်းပြောဆိုပြီး မဲချကြရာ ယောန၌မဲကျလေ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။