သူသည် မိမိမစင်ကဲ့သို့ ပျက်စီးပျောက်ကွယ်သွားရလိမ့်မည်။ သူ့ကိုမြင်ဖူးသောသူတို့က ‘သူဘယ်ရောက်သွားသနည်း’ဟု မေးကြလိမ့်မည်။
ယောဘဝတ္တု။ 8:18 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုနေရာမှ ဆွဲနုတ်ခြင်းခံရသောအခါ ထိုနေရာက ‘သင့်ကို ငါမတွေ့မမြင်ဖူးပါ’ဟု သူ့ကို ငြင်းဆိုလိမ့်မည်။ Common Language Bible သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။ Garrad Bible နုတ် ပစ် ခံ ရ သော အ ခါ၊ နေ ရင်း အ ရပ် က၊ နင့် ကို ငါ မ မြင် စ ဘူး ဟု ငြင်း ဆို လိမ့် မည်။ Judson Bible သူ့ကို သုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည် ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။ |
သူသည် မိမိမစင်ကဲ့သို့ ပျက်စီးပျောက်ကွယ်သွားရလိမ့်မည်။ သူ့ကိုမြင်ဖူးသောသူတို့က ‘သူဘယ်ရောက်သွားသနည်း’ဟု မေးကြလိမ့်မည်။
သူ့ကို မြင်ဖူးခဲ့သူတို့သည် သူ့ကို နောက်ထပ်မြင်ရတော့မည်မဟုတ်။ သူ့နေရာကိုလည်း မြင်ရတော့မည်မဟုတ်။
သူ့အိမ်သို့ သူပြန်လာနိုင်တော့မည်မဟုတ်။ သူ့နေရာသည်လည်း သူ့ကိုသိတော့မည်မဟုတ်။
ငါ့ကို မြင်ခဲ့ရသောမျက်စိများသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ ငါ့ကိုရှာသော်လည်း ငါရှိတော့မည်မဟုတ်။
သူ၏အမြစ်များသည် ကျောက်ပုံကို ရစ်ပတ်ထားပြီး ကျောက်တုံးများကြားတွင် နေရာရှာတတ်၏။
လေတိုက်ခတ်သောအခါ ထိုပန်းပွင့်သည် ပျောက်ကွယ်သွား၍ သူ့နေရာပင်လျှင် သူ့ကိုမသိတော့ပေ။
ခဏမျှကြာလျှင် ဆိုးယုတ်သောသူသည် ရှိတော့မည်မဟုတ်။ သင်သည် သူ၏နေရာကိုစေ့စေ့ရှာလျှင်လည်း သူသည်ရှိတော့မည်မဟုတ်။
သို့သော် သူသည်ကွယ်ပျောက်သွား၏။ ကြည့်ရှုလော့။ သူမရှိတော့ပေ။ သူ့ကို ငါရှာသော်လည်း မတွေ့ရတော့ပေ။
ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ အပြစ်ဒုစရိုက်ပြုသောသူ အပေါင်းတို့သည် ရှင်သန်ကြခြင်းမှာ ထာဝရဖျက်ဆီးခြင်းခံရရန်အတွက်ဖြစ်၏။