Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 7:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ငါ့​ကို မြင်​ခဲ့​ရ​သော​မျက်စိ​များ​သည် ငါ့​ကို​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ငါ့​ကို​ရှာ​သော်လည်း ငါ​ရှိ​တော့​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ကျွန်ုပ် ကို ရှု မြင် သော သူ လည်း၊ ရှု ကြည့် ရ တော့ မည် မ ဟုတ် ပါ။ ရှု ကြည့် တော် မူ ပါ က အ ကျွန်ုပ် မ ရှိ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ငါ့​ကို မြင်​သော​သူ​သည် နောက်​တစ်​ဖန် မ​မြင်​ရ။ ကိုယ်​တော်​သည် ကြည့်​ရှု​တော်​မူ​သော​အ​ခါ ငါ​ပျောက်​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 7:8
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် ယခုမှာ သူငယ် သေ​ပြီ​ဖြစ်၍ ငါ အဘယ်ကြောင့် အစာရှောင်​ရ​တော့​မည်နည်း​။ သူ့​ကို ငါ​ပြန်ခေါ်လာ​နိုင်​သလော​။ သူ​ရှိ​ရာ​သို့ ငါ​သွား​ရ​မည်​။ ငါ့​ဆီ သူ​ပြန်လာ​နိုင်​တော့​မည်​မ​ဟုတ်​”​ဟု မိန့်ဆို​၏​။


အကျွန်ုပ်​၏​ခြေ​ကို ထိတ်တုံးခတ်​ထား​တော်မူ​၏​။ အကျွန်ုပ်​သွား​သော​လမ်း​အားလုံး​ကို စောင့်ကြည့်​၍ အကျွန်ုပ်​ကို ခြေရာခံ​လိုက်​တော်မူ​၏​။


လူ​မူကား သေ​သွား​ပြီးလျှင် ဆွေးမြည့်​သွား​၏​။ အသက်ချုပ်ငြိမ်း​ပြီးလျှင် အဘယ်မှာ​ရှိ​နိုင်​တော့​မည်နည်း​။


ထိုသို့သော​သူ​ကို ကိုယ်တော်​ကြည့်မှတ်​တော်မူ​မည်လော​။ အကျွန်ုပ်​ကို​လည်း တရားစီရင်​ရန် ရှေ့​တော်​သို့ လာ​စေ​တော်မူ​မည်လော​။


သူ​သည် အိပ်မက်​ကဲ့သို့ ပျောက်ပျက်​သွား​၍ သူ့​ကို တွေ့​ရ​တော့​မည်​မ​ဟုတ်​။ ညအချိန်​မြင်​ရ​သော​စိတ်အာရုံ​ကဲ့သို့ ထွက်ပြေး​သွား​လိမ့်မည်​။


သူ့​ကို မြင်​ဖူး​ခဲ့​သူ​တို့​သည် သူ့​ကို နောက်ထပ်​မြင်​ရ​တော့​မည်​မ​ဟုတ်​။ သူ့​နေရာ​ကို​လည်း မြင်​ရ​တော့​မည်​မ​ဟုတ်​။


သူ​သည် သူဌေး​ကဲ့သို့ အိပ်​ရ​သော်လည်း ထို​အဖြစ်​မျိုး နောက်ထပ်​ရှိ​တော့​မည်​မ​ဟုတ်​။ မျက်စိ​ဖွင့်ကြည့်​သောအခါ ဘာမျှ​ရှိ​တော့​မည်​မ​ဟုတ်​။


ထိုသို့​သာ​မ​ဖြစ်​ခဲ့​လျှင် ငါ​သည် ယခု ငြိမ်းချမ်း​စွာ​လဲလျောင်း​ရ​လေ​ပြီ​။ အိပ်စက်​အနားယူ​ရ​လေ​ပြီ​။


အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အဘယ်ကြောင့်​ခွင့်လွှတ်​တော်​မ​မူ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို အဘယ်ကြောင့် ဖယ်ရှား​တော်​မ​မူ​ပါ​သနည်း​။ ယခု မြေမှုန့်​၌ အကျွန်ုပ်​အိပ်​ရ​ပါ​တော့​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကြိုးစားရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ”​ဟု ညည်းဆို​လေ​၏​။


သို့သော် ထို​နေရာ​မှ ဆွဲနုတ်​ခြင်း​ခံရ​သောအခါ ထို​နေရာ​က ‘​သင့်​ကို ငါ​မ​တွေ့​မ​မြင်​ဖူး​ပါ​’​ဟု သူ့​ကို ငြင်းဆို​လိမ့်မည်​။


လေ​တိုက်ခတ်​သောအခါ ထို​ပန်းပွင့်​သည် ပျောက်ကွယ်​သွား​၍ သူ့​နေရာ​ပင်လျှင် သူ့​ကို​မ​သိ​တော့​ပေ​။


သို့သော် သူ​သည်​ကွယ်ပျောက်​သွား​၏​။ ကြည့်ရှု​လော့​။ သူ​မ​ရှိ​တော့​ပေ​။ သူ့​ကို ငါ​ရှာ​သော်လည်း မ​တွေ့​ရ​တော့​ပေ​။


ကိုယ်တော်​သည် ဒုစရိုက်​အတွက်​ဆိုဆုံးမ​ခြင်း​အားဖြင့် လူ​ကို​ပဲ့ပြင်​တော်မူ​၍ လူ​တပ်မက်​သော​အရာ​ကို ပိုးဖလံ​ကဲ့သို့​ဖျက်ဆီး​တော်မူ​၏​။ လူ​တိုင်း​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပါ​၏​။(​စေလာ)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ