သင်ရောက်တတ်ရာရာပြောဆိုသည်ကို လူတို့နှုတ်ဆိတ်နေရမည်လော။ သင်ပြက်ရယ်ပြုသောအခါ လူတို့မရှက်ဘဲနေရမည်လော။
ယောဘဝတ္တု။ 6:28 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယခု ငါ့ကိုကြည့်ကြပါလော့။ ငါသည် သင်တို့ရှေ့မှာ လိမ်ပြောနေသလော။ Common Language Bible ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော။ Garrad Bible ငါ့ ကို ယ ခု လှည့် ကြည့် ပါ လော့။ မျက် မှောက် ထင် ထင် မု ချ ငါ မု သာ ကင်း လွတ်၏။ Judson Bible ငါ့ကိုစိတ်မရှိဘဲ ကြည့်ရှုကြပါလော့။ သင်တို့ရှေ့မှာ ငါလှည့်စားသလော။ |
သင်ရောက်တတ်ရာရာပြောဆိုသည်ကို လူတို့နှုတ်ဆိတ်နေရမည်လော။ သင်ပြက်ရယ်ပြုသောအခါ လူတို့မရှက်ဘဲနေရမည်လော။
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
သို့မဟုတ်လျှင် ငါလိမ်ပြောသည်ဟု မည်သူသက်သေပြမည်နည်း။ ငါ့စကားသည် အဓိပ္ပာယ်မရှိဟု မည်သူထောက်ပြမည်နည်း”ဟု ဆိုလေ၏။
ငါ့နှုတ်ခမ်းသည် ကောက်ကျစ်သောစကားကို မပြော၊ ငါ့လျှာသည် လိမ်လည်လှည့်စားသောစကားကို မဆိုဘဲ နေမည်။
ဖြောင့်မှန်သောစိတ်သဘောဖြင့် ပြောပါမည်။ သိထားသောအရာများကို နှုတ်ခမ်းဖြင့် ရိုးသားစွာပြောပါမည်။
အကယ်စင်စစ် အကျွန်ုပ်သည် မုသားစကားကို မပြော။ အသိပညာနှင့်ပြည့်စုံသောသူသည် သင်နှင့်အတူရှိ၏။