အာဗြဟံကလည်း “ဤအရပ်ရှိလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝမရှိကြပါ။ သို့ဖြစ်၍ သူတို့သည် အကျွန်ုပ်၏မယားအတွက်ကြောင့် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်၍ ထိုသို့ပြုမိပါပြီ။
ယောဘဝတ္တု။ 6:14 - မြန်မာ့စံမီသမ္မာကျမ်း မျှော်လင့်ချက်မဲ့သူအဖို့ မိတ်ဆွေထံမှ မေတ္တာကို ခံရသင့်ပေ၏။ သို့ဖြစ်လျှင် သူသည် အနန္တတန်ခိုးရှင်အား ကြောက်ရွံ့ရိုသေခြင်းကို စွန့်ပယ်မည်မဟုတ်ပေ။ Common Language Bible ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။ Garrad Bible စိတ် ပျက် လု သူ၊ အ န န္တ တန် ခိုး ရှင်၏ အ မိန့် တော် ကို စွန့် ပစ် အံ့ ဆဲ ဆဲ သူ ပင်၊ အ ဆွေ ခင် ပွန်း၏ သ နား ခြင်း ကို ခံ သင့် ပါ၏။ Judson Bible ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။ |
အာဗြဟံကလည်း “ဤအရပ်ရှိလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝမရှိကြပါ။ သို့ဖြစ်၍ သူတို့သည် အကျွန်ုပ်၏မယားအတွက်ကြောင့် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်၍ ထိုသို့ပြုမိပါပြီ။
စားသောက်ပွဲအလှည့်ကျကျင်းပသောနေ့များပြီးသောအခါတွင်လည်း ယောဘက “ငါ့သားသမီးတို့စိတ်ထဲတွင် ဘုရားသခင်ကို ကျိန်ဆဲ၍ အပြစ်ပြုမိကောင်းပြုမိကြလိမ့်မည်”ဟု တွေး၍ သူတို့ကို ခေါ်ပြီး ကိုယ်ကိုသန့်ရှင်းစေလျက် နံနက်စောစောထ၍ သူတို့အားလုံးအရေအတွက်အတိုင်း မီးရှို့ရာယဇ်ကို ပူဇော်၏။ ယောဘသည် ထိုသို့ အမြဲပြုလေ့ရှိ၏။
အကယ်စင်စစ် သင်၌ အကြောက်အလန့် မရှိတော့ပြီ။ ဘုရားသခင်ထံ အာရုံပြုလိုစိတ်လည်း ပပျောက်လေပြီ။
ငါ့နှုတ်ဖြင့် သင်တို့ကို အားပေးမည်။ ငါ့နှုတ်ခမ်းမှနှစ်သိမ့်ပေးမှုသည် သက်သာရာကို ရစေမည်။
အို ငါ့မိတ်ဆွေတို့၊ ငါ့ကို သနားကြပါ။ သနားကြပါ။ ဘုရားသခင်သည် ငါ့ကို ရိုက်နှက်တော်မူပြီ။
မိတ်ဆွေသည် အစဉ်အမြဲ ချစ်ခင်တတ်၏။ ညီအစ်ကိုသည်လည်း ဆင်းရဲဒုက္ခရောက်ချိန်အတွက် မွေးဖွားလာ၏။
ဆင်းရဲဒုက္ခရောက်သောကာလ၌ သစ္စာမဲ့သောသူကိုအားထားခြင်းသည် ကျိုးပဲ့သောသွား၊ တုန်ချည့်နေသောခြေနှင့်တူ၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အမှန်ကို အမှန်အတိုင်းစီရင်ဆုံးဖြတ်ကြလော့။ တစ်ဦးကိုတစ်ဦး မေတ္တာကရုဏာ ပြကြလော့။ သနားစုံမက်ကြလော့။
သို့သော် အခြားတစ်ဦးသည် သူ့ကိုဆုံးမ၍ “သင်သည် သူနှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းကိုခံရလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။
အချင်းချင်း၏ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ပေးကြလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏တရားတော်ကို ပြည့်စုံစေကြလိမ့်မည်။
အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။