ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
ယောဘဝတ္တု။ 5:2 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။ Common Language Bible ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။ Garrad Bible လူ မိုက် သည် ဒေါ သ ကြောင့် ပျက် စီး၍၊ မ လိ မ္မာ သူ လည်း၊ ကော ဓ ကြောင့် သေ တတ်၏။ Judson Bible ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်း ငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။ |
ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
သို့သော် ဩနန်က ဤမျိုးဆက်သည် မိမိ၏မျိုးဆက်ဖြစ်မည်မဟုတ်ကြောင်း သိ၏။ ထို့ကြောင့် သူသည် မိမိအစ်ကို၏မယားထံသို့ဝင်သောအခါ မိမိအစ်ကိုအတွက် မျိုးဆက်မဖြစ်ထွန်းစေရန် သုက်ရည်ကို အပြင်သို့စွန့်ထုတ်၏။
သင်အမျက်ထွက်၍ သင့်ကိုယ်သင် ဆွဲဆုတ်ပစ်လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်းသွားရမည်လော။ ကျောက်ဆောင်လည်း နေရာမှရွေ့ပေးရမည်လော။
အချို့တို့သည် မိမိတို့ကျူးလွန်သော အပြစ်၏လမ်းစဉ်ကြောင့် ဆိုးမိုက်သောသူဖြစ်ကြပြီး မိမိတို့၏ဒုစရိုက်များကြောင့် ဒုက္ခဝေဒနာခံစားကြရ၏။
မိုက်မဲသောသူက “ဘုရားသခင်မရှိ”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုတတ်၏။ ထိုသို့သောသူတို့သည် အကျင့်ပျက်ပြား၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူမရှိ။
ဝါကြွားသောသူတို့အား ‘မဝါကြွားကြနှင့်’ ဟူ၍လည်းကောင်း၊ ဆိုးယုတ်သောသူတို့အား ‘ချိုမထောင်ကြနှင့်။
ဤအရာသည် အသိတရားမဲ့သောသူမသိနိုင်သကဲ့သို့ မိုက်မဲသောသူနားမလည်နိုင်သည့်အရာဖြစ်၏။
ဆိုးမိုက်သောသူသည် မိမိ၏အမျက်ဒေါသကို ချက်ချင်းထင်ရှားစေတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား အရှက်ခွဲခံရခြင်းကိုပင် ဥပေက္ခာပြု၏။
ပညတ်တော်ကိုစောင့်ထိန်းသောသူသည် မိမိ၏စိတ်ဝိညာဉ်ကိုစောင့်ထိန်းသောသူဖြစ်၏။ ကိုယ်တော်၏လမ်းတော်တို့ကို မထီမဲ့မြင်ပြုသောသူမူကား သေရလိမ့်မည်။
အမျက်ဒေါသကြီးမားသောသူသည် အပြစ်ဒဏ်ခံရလိမ့်မည်။ သူ့ကိုကယ်နုတ်လျှင်လည်း နောက်တစ်ဖန်ထပ်၍ ကယ်နုတ်ရဦးမည်။
ကျောက်ခဲသည်လေး၍ သဲသည်အချိန်စီး၏။ သို့သော် ဆိုးမိုက်သောသူ၏အမျက်ဒေါသသည် ထိုအရာနှစ်ပါးထက် ပို၍လေး၏။
အသိဉာဏ်နည်းပါးသောသူတို့၊ ဆင်ခြင်ဉာဏ်ကို ရယူကြလော့။ မိုက်မဲသောသူတို့၊ အသိဉာဏ်ကို ရယူကြလော့။
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။
ဧဖရိမ်သည် အသိစိတ်မရှိ။ ယုံလွယ်သောချိုးငှက်နှင့်တူ၏။ အီဂျစ်ပြည်ကို အကူအညီတောင်း၍ အဆီးရီးယားပြည်သို့လည်း ပြေးသွားတတ်၏။
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။
တစ်ကိုယ်ကောင်းဆန်၍ သမ္မာတရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အမျက်တော်ကို သက်ရောက်စေတော်မူလိမ့်မည်။
အကြောင်းမူကား သူတို့ထဲမှ အချို့တို့သည် အိမ်များသို့ မသိမသာဝင်ပြီးလျှင် တပ်မက်ခြင်းအမျိုးမျိုး၏သွေးဆောင်ရာသို့လိုက်ပါလျက် အပြစ်ကိုထပ်တလဲလဲပြုနေသော မိန်းမမိုက်များကို သိမ်းသွင်းကြ၏။