ထွက်သက်လေတစ်ချက်ကြောင့် ကောင်းကင်သည် ကြည်လင်သွား၏။ ပြေးနေသောမြွေကို လက်တော်ဖြင့် ထိုးဖောက်တော်မူ၏။
ယောဘဝတ္တု။ 40:19 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဘုရားသခင်၏အဦးဆုံးဖန်ဆင်းခံလက်ရာ ဖြစ်၏။ သူ့ကိုဖန်ဆင်းထားသောအရှင်သာလျှင် ဓားဖြင့် သူ့ထံချဉ်းကပ်နိုင်၏။ Common Language Bible ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကို ပေးပြီ။ Garrad Bible ထို တိ ရ စ္ဆာန် သည် ဘု ရား သ ခင်၏ က နား ဦး အ မှု အ ရာ ဖြစ် လျက်၊ ဖန် ဆင်း သော အ ရှင် က၊ လက် နက် အပ် ပေး တော် မူ သည့် ပြင်၊ Judson Bible ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကိုပေးပြီ။ |
ထွက်သက်လေတစ်ချက်ကြောင့် ကောင်းကင်သည် ကြည်လင်သွား၏။ ပြေးနေသောမြွေကို လက်တော်ဖြင့် ထိုးဖောက်တော်မူ၏။
ဗေဟမုတ်ကို ကြည့်လော့။ သင့်ကိုငါဖန်ဆင်းသကဲ့သို့ သူ့ကိုလည်း ငါဖန်ဆင်းခဲ့၏။ သူသည် နွားကဲ့သို့ မြက်ကိုစား၏။
သူ့အရိုးတို့သည် ကြေးဝါချောင်းများနှင့်တူ၏။ ခြေချောင်းလက်ချောင်းတို့သည်လည်း သံချောင်းနှင့်တူ၏။
မြေကြီးပေါ်တွင် သူနှင့်နှိုင်းစရာ မရှိ။ သူသည် ကြောက်ရွံ့ခြင်းကင်းသောသတ္တဝါဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အလွန်များပြားလှပါ၏။ ကိုယ်တော်သည် ထိုအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းသော အရာများဖြင့် ပြည့်နှက်လျက်ရှိပါ၏။
သူသည် နောင်တမရလျှင် ကိုယ်တော်သည် ဓားတော်ကိုသွေးထားလိမ့်မည်။ လေးတော်ကိုတင်၍ ချိန်ရွယ်ထားလိမ့်မည်။
ထိုနေ့ရက်၌ ထာဝရဘုရားသည် ထွက်ပြေးနေသောမြွေကြီးလဝိသန်၊ တွန့်လိမ်နေသောမြွေကြီးလဝိသန်ကို ခိုင်မာ၍အစွမ်းထက်သော မိမိဓားကြီးဖြင့်အပြစ်ဒဏ်ပေးတော်မူမည်။ ပင်လယ်မြွေနဂါးကိုလည်း သတ်ဖြတ်တော်မူမည်။