အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 39:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အားမာန်ပြင်းစွာ မြေကြီး​ပေါ် ဒုန်းစိုင်းပြေး​သွား​တတ်​၏​။ တံပိုးမှုတ်သံ​ကြား​လျှင် ဂနာမငြိမ်​ဖြစ်​တတ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို မြင်း သည် တံ ပိုး သံ ကို ကြား သော်၊ မ ရပ် တန့် ဘဲ ခုန် ပေါက် လျက် လှုပ် ကြွ လျက် ဒုံး ပြေး တတ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

မာ​န​ကြီး၍ ပြင်း​ထန်​သော​စိတ်​နှင့် မြေ​ကို​မျို​တတ်၏။ တံ​ပိုး​သံ​ကို ကြား​သော​အ​ခါ၊ ငြိမ်​ဝပ်​စွာ​မ​နေ​နိုင်။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 39:24
10 ပူးပေါင်းရင်းမြစ်များ  

ငါ​ပြုံးပြ​သောအခါ သူ​တို့ မ​ယုံ​နိုင်​အောင်​ဖြစ်​ကြ​၏​။ ကြည်လင်ဝင်းပ​နေ​သော​ငါ့​မျက်နှာ​ကို မညှိုးနွမ်း​စေ​ကြ​။


‘​ငါ ပြောစရာ​ရှိ​သည်​’​ဟု ကိုယ်တော့်​အား ဆို​သင့်​သလော​။ လူ​သည် အသက်ဆုံးရှုံး​ခံ​ပြီး ထိုသို့​ဆို​သင့်​သလော​။


သူ့​အနီး​တွင် မြားကျည်တောက်သံ တတောက်တောက်မြည်​၍ လှံတို​လှံရှည်​တို့ တလက်လက်​တောက်ပ​နေ​သော်လည်း သူ​မ​ကြောက်​။


တံပိုးမှုတ်​လိုက်​သည်​နှင့် ဟီးကနဲ​အော်မြည်​တတ်​၏​။ တိုက်ပွဲ​ထဲမှ တပ်မှူး​တို့​၏​စစ်ငြာသံ​နှင့် ကြွေးကြော်သံ​တို့​ကို အဝေး​မှ အာရုံရ​တတ်​၏​။


ငါ​ခေါ်​၍ ကိုယ်တော်​ပြန်ထူး​လျှင်ပင် ငါ့​အသံ​ကို နားညောင်း​တော်မူ​သည်​ဟု ငါ​မ​ယုံ​နိုင်​ပါ​။


ငါ့​အူ​ထဲ​၊ အသည်း​ထဲ​အထိ နာကျင်​နေ​၏​။ ငါ့​စိတ် မငြိမ်မသက်​ဖြစ်​နေ​၏​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​နိုင်​။ တံပိုးမှုတ်သံ​၊ စစ်ပွဲ​ကြွေးကြော်သံ​ကို ငါ​ကြား​ရ​၏​။


ငါ​သည် အာရုံစိုက်​၍ နားထောင်​၏​။ မှန်မှန်ကန်ကန်​မ​ပြော​ကြ​။ “ငါ​အဘယ်​အမှု ပြု​ခဲ့​မိ​ပါ​သနည်း”​ဟု ဆို​လျက် မိမိ​ဆိုးညစ်မှု​အတွက် နောင်တရ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​။ တိုက်ပွဲ​ထဲသို့ ဒုန်းစိုင်းပြေးဝင်​သော​မြင်း​ကဲ့သို့ အသီးသီး မိမိ​တို့​၏​လမ်း​သို့​ပြေးလိုက်​သွား​ကြ​၏’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြောကြား​လော့​။


မြို့​ထဲတွင် တံပိုးမှုတ်သံ​ကြား​သောအခါ လူ​တို့ မ​ထိတ်လန့်​ဘဲ နေ​မည်လော​။ ထာဝရဘုရား​ပြု​တော်​မ​မူ​ဘဲ မြို့​ထဲတွင် ဘေးအန္တရာယ်​ကျရောက်​နိုင်​မည်လော​။


သူ​တို့​သည် ဝမ်းမြောက်​သဖြင့် မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​၍ အံ့ဩ​လျက်​နေ​ကြ​စဉ် ကိုယ်တော်​က“ဤ​နေရာ​တွင် စားစရာ​တစ်စုံတစ်ခု​ရှိ​သလော”​ဟု မေး​တော်မူ​၏။