လျှပ်စီးကြောင်းတို့ကို သင်စေလွှတ်နိုင်သလော။ လျှပ်စီးကြောင်းတို့က သင့်ကို ‘အကျွန်ုပ်တို့ရှိပါသည်’ဟု ပြန်ပြောပြီး ထွက်သွားလိမ့်မည်လော။
လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော။
ကျွန် တော် ရှိ ပါ သည် ဟု ဝန် ခံ သော လျှပ် စစ် ကို၊ ပြတ် စေ ခြင်း ငှာ လွှတ် နိုင် သ လော။
လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြလိမ့်မည်လော။
ထိုအခါ ဧလိယက တပ်သားငါးဆယ်အုပ်တပ်မှူးအား “ငါသည် ဘုရားသခင်၏လူမှန်လျှင် မိုးကောင်းကင်မှမီးကျပြီး သင်နှင့် သင့်လူအယောက်ငါးဆယ်ကို လောင်ကျွမ်းပါစေသော”ဟုဆိုလျှင် မိုးကောင်းကင်မှမီးကျလာပြီး တပ်မှူးနှင့် သူ၏တပ်သားအယောက်ငါးဆယ်ကို လောင်ကျွမ်းလေ၏။
ယခင်က ကောင်းကင်မှမီးကျလာပြီး တပ်သားငါးဆယ်အုပ်တပ်မှူးနှစ်ဦးနှင့် သူတို့၏တပ်သားအယောက်ငါးဆယ်စီတို့ကို လောင်ကျွမ်းခဲ့ပါပြီ။ ယခုမှာ အကျွန်ုပ်အသက်ကို နှမြောတော်မူပါ”ဟု အသနားခံလေ၏။
လျှပ်စီးကို လက်တော်ထဲတွင်ဆုပ်ကိုင်ထားတော်မူ၍ အမိန့်ပေးစေလွှတ်လိုက်လျှင် ပစ်မှတ်ကို ထိမှန်လေ၏။
ကိုယ်တော်သည် အသံတော်ကို ကောင်းကင်အောက်တစ်ခွင်လုံးသို့ လွှတ်တော်မူ၍ မြေကြီးစွန်းတိုင်အောင် လျှပ်စီးကိုလက်စေတော်မူ၏။
မောရှေကလည်း “အကျွန်ုပ်သည် မြို့ထဲမှထွက်သည်နှင့် ထာဝရဘုရားထံသို့ အကျွန်ုပ်၏လက်ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုပိုင်တော်မူကြောင်း အရှင်သိစေရန် မိုးချုန်းသံများရပ်၍ မိုးသီးလည်း ကျတော့မည်မဟုတ်။
ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။
ထာဝရဘုရားက “ငါ့ကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါ ထင်ရှားပြ၏။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့နာမကိုမခေါ်သောလူမျိုးအား ‘ဤနေရာတွင် ငါရှိ၏။ ဤနေရာတွင် ငါရှိ၏’ဟု ငါဆို၏။
ထို့ကြောင့် ထာဝရဘုရားထံတော်မှ မီးထွက်လာ၍ သူတို့ကိုလောင်ကျွမ်းသဖြင့် သူတို့သည် ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။
လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့်
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
ထိုအခါ ရှောလုမင်းကြီးက “အဟိတုပ်၏သား၊ ယခု နားထောင်လော့”ဟု ဆိုလျှင် အဟိမလက်က “ဟုတ်ကဲ့ပါ အရှင်”ဟု လျှောက်၏။