ယောဘဝတ္တု။ 38:29 - မြန်မာ့စံမီသမ္မာကျမ်း မည်သူ့ဝမ်းမှ ရေခဲထွက်လာသနည်း။ ကောင်းကင်နှင်းခဲတို့ကို မည်သူဖြစ်ပွားစေသနည်း။ Common Language Bible ရေခဲသည်အဘယ်သူ၏ ဝမ်းထဲက ထွက်လာ သနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။ Garrad Bible မည် သူ့ ဝမ်း မှ ရေ ခဲ ထွက် ပေါ် ခဲ့ သ နည်း။ ကောင်း ကင် ဆီး နှင်း ကို လည်း၊ မည် သူ ဖွား မြင် ခဲ့ သ နည်း။ Judson Bible ရေခဲသည် အဘယ်သူ၏ဝမ်းထဲက ထွက်လာသနည်း။ မိုးကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။ |
ရေသည် ကျောက်ကဲ့သို့မာကျောသွားပြီး နက်ရှိုင်းသောရေထု၏မျက်နှာပြင်သည်လည်း အေးခဲလျက်ရှိ၏။
ရေသည် ပင်လယ်ဝမ်းထဲမှပေါက်ထွက်လာ၍ ပြည့်လျှံသောအခါ ပင်လယ်တံခါးကို မည်သူပိတ်လိုက်သနည်း။