အကျွန်ုပ်သည် မကြာမီ ပြန်လမ်းမရှိ မှောင်မိုက်၍ သေမင်းအရိပ်လွှမ်းမိုးသောပြည်သို့ သွားရပါတော့မည်။
ယောဘဝတ္တု။ 38:17 - မြန်မာ့စံမီသမ္မာကျမ်း သေမင်းတံခါးများက သင့်ကိုဖွင့်ပေးဖူးသလော။ သေမင်းအရိပ်၏တံခါးများကို သင်မြင်ဖူးသလော။ Common Language Bible သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။ Garrad Bible သေ ခြင်း တံ ခါး များ ကို နား လည် ခွင့်၊ သေ မင်း အ ရိပ် တံ ခါး များ ကို သိ မြင် ခွင့် ရ ဘူး သ လော။ Judson Bible သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဖူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဖူးသလော။ |
အကျွန်ုပ်သည် မကြာမီ ပြန်လမ်းမရှိ မှောင်မိုက်၍ သေမင်းအရိပ်လွှမ်းမိုးသောပြည်သို့ သွားရပါတော့မည်။
ကောင်းကင်ထက်မြင့်သည်ဖြစ်၍ သင်မည်သို့တတ်နိုင်မည်နည်း။ မရဏာနိုင်ငံထက်နက်သည်ဖြစ်၍ သင်မည်သို့သိနိုင်မည်နည်း။
မှောင်မိုက်ထဲမှ လျှို့ဝှက်သောအရာတို့ကို ဖော်ထုတ်ပြ၏။ အမှောင်ထုကို အလင်းသို့ ရောက်စေတော်မူ၏။
ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။
ထိုနေ့ရက်ကို မှောင်မိုက်ခြင်းနှင့် သေမင်းအရိပ်တို့သည် သိမ်းယူပါစေ။ တိမ်တိုက်ဖုံးလွှမ်းပါစေ။ နေ့၏အမှောင်ထုသည် ထိုနေ့ရက်ကို ခြောက်လှန့်ပါစေ။
အချို့တို့သည် မှောင်မိုက်နှင့်သေခြင်း၏အရိပ်ထဲ၌ ထိုင်နေရသောသူများ၊ ဖိစီးနှိပ်စက်မှုနှင့်သံကြိုး၏ချည်နှောင်ခြင်းကို ခံရသောသူများ ဖြစ်ကြ၏။
သူတို့ကို မှောင်မိုက်နှင့်သေခြင်း၏အရိပ်ထဲမှ ထုတ်ဆောင်၍ သူတို့ခံရသောအချည်အနှောင်များကို ဖြတ်တော်မူ၏။
သူတို့၏စိတ်ဝိညာဉ်သည် အစားအစာမှန်သမျှကို စက်ဆုပ်ရွံရှာ၍ သေခြင်း၏တံခါးဝအနီးသို့ ရောက်ကြ၏။
သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။ ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။
အကယ်၍ သေခြင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်း၌ လျှောက်သွားရသော်လည်း အကျွန်ုပ်သည် ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏လှံတံတော်နှင့်တောင်ဝှေးတော်သည် အကျွန်ုပ်ကိုနှစ်သိမ့်ပေးပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ သေခြင်း၏တံခါးဝမှ အကျွန်ုပ်ကိုဆွဲတင်တော်မူသောအရှင်၊ အကျွန်ုပ်ကိုမုန်းသောသူတို့ထံမှ အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကိုကြည့်ရှုတော်မူပါ။
ခုနစ်စင်ကြယ်နှင့် သရဝဏ်နက္ခတ်တို့ကိုဖန်ဆင်းတော်မူသောအရှင်၊ သေမင်းအရိပ်ကို နံနက်အလင်းဖြစ်စေသောအရှင်၊ နေ့ကို ညအမှောင်ဖြစ်စေသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး ထိုရေတို့ကို မြေမျက်နှာပြင်ပေါ်လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရားဟူ၍ဖြစ်၏။
အမှောင်ထဲ၌နေထိုင်သောသူတို့သည် ကြီးမားသောအလင်းကိုမြင်ရကြ၍ သေခြင်းအရိပ်လွှမ်းမိုးသောပြည်၌ နေထိုင်သောသူတို့ထံသို့ အလင်းပေါ်ထွက်လာပြီ”ဟူ၍ဖြစ်၏။
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။