တိမ်တိုက်များ မည်သို့လွင့်မျောနေသည်ကို သင်သိပါသလော။ ထိုအမှုသည် အလုံးစုံကိုသိမြင်သောအရှင် ပြုတော်မူသည့် အံ့ဖွယ်အမှုဖြစ်၏။
ယောဘဝတ္တု။ 37:17 - မြန်မာ့စံမီသမ္မာကျမ်း တောင်လေကြောင့် ကမ္ဘာမြေကြီး ဆိတ်ငြိမ်သွားချိန်တွင် အဘယ်ကြောင့် သင့်အဝတ် ပူနွေးနေသနည်း။ Common Language Bible မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။ Judson Bible မြေပေါ်မှာ တောင်လေဖြင့် အချမ်းပျောက်စေတော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သောအားဖြင့် နွေးသည်ကိုလည်းကောင်း နားလည်သလော။ |
တိမ်တိုက်များ မည်သို့လွင့်မျောနေသည်ကို သင်သိပါသလော။ ထိုအမှုသည် အလုံးစုံကိုသိမြင်သောအရှင် ပြုတော်မူသည့် အံ့ဖွယ်အမှုဖြစ်၏။
သင်သည် ကိုယ်တော်နှင့်အတူ မိုးကောင်းကင်ကို ကြေးမုံပြင်ကဲ့သို့သွန်းလုပ်၍ ခိုင်ခံ့စွာဖြန့်ကြက်ထားသလော။
ခုနစ်စင်ကြယ်စုကို သင်ချည်ထားနိုင်သလော။ သရဝဏ်ကြယ်ကြိုးကို သင်ဖြေပေးနိုင်သလော။
နွေရာသီရောက်သောအခါ ခန်းခြောက်ပျောက်ကွယ်သွား၏။ ပူပြင်းသောအခါ ရှိသည့်နေရာ၌ပင် ခြောက်သွေ့သွား၏။
ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကိုစေလွှတ်၍ ၎င်းတို့ကို အရည်ပျော်စေတော်မူ၏။ မိမိ၏လေကိုတိုက်စေတော်မူသောအခါ ရေတို့သည် စီးဆင်းကြ၏။
တောင်လေတိုက်လာသောအခါ၌လည်း ပူအိုက်လိမ့်မည်ဟုပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။