မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။
ယောဘဝတ္တု။ 36:27 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ ကိုယ်တော်သည် ရေစက်ရေပေါက်တို့ကို အငွေ့ပြန်စေ၍ မိုးရေအဖြစ် ငွေ့ရည်ဖွဲ့စေ၏။ Common Language Bible ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။ Garrad Bible ကိုယ် တော် သည် ရေ ပေါက် များ ကို သိမ်း ရုံး တော် မူ ပြီး လျှင်၊ အာ ကာ သ ကောင်း ကင် ဆောင်း တိမ် မှ၊ လူ အ ပေါင်း တို့ အ ပေါ် သို့ တ ဖွဲ ဖွဲ စိမ့် ကျ ရွာ စေ တော် မူ၏။ Judson Bible ရေကို သုန်ဖျင်းစေ၍၊ အထက်သို့ ဆွဲယူတော်မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုးရွာတတ်၏။ |
မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏နှစ်ကာလတို့ကို ငါတို့မသိနိုင်၊ စူးစမ်း၍လည်း မရနိုင်။
ထို့နောက် မိုးတိမ်များမှ မိုးရွာသွန်းစေ၏။ လူတို့အဖို့ မိုးများစွာရွာသွန်းစေ၏။
မိုးခြိမ်းသံသည် ကိုယ်တော်ရှိတော်မူကြောင်းကို ကြေညာလိုက်သည်နှင့် မည်သို့ဖြစ်လာမည်ကို တိရစ္ဆာန်များပင် သိရှိလေ၏။
တိမ်တိုက်ကို ရေငွေ့များနှင့်ဖွဲ့ထား၍ လျှပ်စီးလက်သောအခါ မိုးတိမ်များကိုကွဲလွင့်သွားစေ၏။
နှင်းပွင့်ကို ‘မြေကြီးပေါ်သို့ကျစေ’၊ မိုးစက်များကို ‘သည်းထန်စွာရွာသွန်းစေ’ဟု အမိန့်ပေးတော်မူ၏။
သင့်ကို မိုးရေများ ရွှဲနစ်သွားစေမည့်အကြောင်း မိုးတိမ်ကို အော်ခေါ်ပြီး အမိန့်ပေးနိုင်သလော။
မြေမျက်နှာပြင်ပေါ်တွင် မိုးရွာစေသောအရှင်၊ လယ်ကွင်းများသို့ ရေကိုရောက်စေသောအရှင် ဖြစ်တော်မူ၏။
ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။
ကိုယ်တော်သည် ကောင်းကင်ကိုတိမ်တိုက်များဖြင့် ဖုံးလွှမ်းလျက် မြေကြီးအတွက် မိုးရေကိုပြင်ဆင်၍ တောင်များပေါ်၌ မြက်ပင်ကိုပေါက်စေတော်မူ၏။
မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
ကိုယ်တော်၏အသိပညာဖြင့် နက်ရှိုင်းရာအရပ်တို့သည် ပေါက်ထွက် ၍ မိုးတိမ်တို့သည် နှင်းကိုတဖွဲဖွဲကျစေ၏။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
မိုးနှောင်းကာလတွင် မိုးရွာစေရန် ထာဝရဘုရားထံတောင်းလျှောက်ကြလော့။ ထာဝရဘုရားသည် မိုးတိမ်တိုက်ကို ဖြစ်ပေါ်စေ၏။ မိုးရွာစေခြင်းဖြင့် လူအပေါင်းတို့၏လယ်ပြင်မှ အပင်များအတွက် မိုးရေကို ရရှိစေတော်မူ၏။