ထိုညမှာပင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များကိုသာ တွေ့ရ၏။
ယောဘဝတ္တု။ 36:20 - မြန်မာ့စံမီသမ္မာကျမ်း လူတို့အား သူတို့ရှိရာနေရာမှနုတ်ယူသွားတတ်သောညအချိန်မျိုးကို မတောင့်တပါနှင့်။ Common Language Bible ညဉ့်ကိုမတောင့်တနှင့်။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။ Garrad Bible ညဉ့် ကို မ တောင့် တ လင့်။ လူ မျိုး တို့ ပယ် ရှား ခံ ရာ အ ခါ ဖြစ်၏။ Judson Bible ညကို မတောင့်တနှင့်။ ညအခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။ |
ထိုညမှာပင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များကိုသာ တွေ့ရ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဝှက်ထားပါစေသော။ အမျက်တော်ပြေသည်အထိ အကျွန်ုပ်ကို မျက်နှာလွှဲထားပါစေသော။ အကျွန်ုပ်အား အောက်မေ့ရမည့်အချိန်ကိုလည်း သတ်မှတ်ထားပါစေသော။
သူတို့သည် တစ်ခဏချင်းတွင် သေသွားနိုင်၏။ ညသန်းခေါင်ချိန်တွင်ပင် လူတို့သည် တုန်လှုပ်ချောက်ချား၍ သေဆုံးသွားတတ်ကြ၏။ အားကြီးသူတို့ပင် လူ့လက်ဖြင့်မဟုတ် မိမိအလိုလိုပျောက်ကွယ်သွားရတတ်၏။
သူတို့ပြုသောအမှုကို သိတော်မူသည်ဖြစ်၍ ညအချိန်တွင် သူတို့ကို ဖျက်ဆီးလိုက်သောအခါ သူတို့ပျက်စီးသွားရလေ၏။
သင်၏ချမ်းသာကြွယ်ဝခြင်းသည် သင့်ကို ဆင်းရဲဒုက္ခနှင့် ကင်းဝေးစေနိုင်မည်လော။ သင်၏စွမ်းအားရှိသမျှတို့သည်လည်း ထိုသို့ပြုပေးနိုင်မည်လော။
ဘုရားသခင်သည် ငါ့ကို အမှုန့်ချေပစ်ဖို့ရန် အလိုတော်ရှိပါစေသော။ လက်တော်ကိုဆန့်၍ ငါ့ကို ကွပ်မျက်ပါစေသော။
ထို့ကြောင့် ဤကိုယ်ခန္ဓာနှင့် နေရသည်ထက် အသက်ရှူကြပ်ပြီး သေသွားခြင်းကို လိုလားမိပါ၏။
ညသန်းခေါင်အချိန်တွင် ထာဝရဘုရားသည် ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ မြေအောက်အကျဉ်းခန်း၌ရှိသော အကျဉ်းသား၏သားဦးတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့နှင့် တိရစ္ဆာန်၏သားဦးအားလုံးတို့ကို ဒဏ်ခတ်တော်မူ၏။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
တိမ်တိုက်များသည် မိုးရေနှင့်ပြည့်သောအခါ မြေကြီးပေါ်သို့ ရွာသွန်းတတ်၏။ သစ်ပင်သည်လည်း တောင်ဘက်သို့ဖြစ်စေ၊ မြောက်ဘက်သို့ဖြစ်စေ လဲကျလျှင် လဲကျရာအရပ်၌ရှိနေတတ်၏။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
ယုဒသည် မိမိနေရာသို့သွားရန် တမန်တော်အရိုက်အရာမှ ရွေ့လျောဖောက်ပြန်သွားသည်ဖြစ်၍ ဤအမှုတော်လုပ်ငန်းနှင့် တမန်တော်အရိုက်အရာကိုဆက်ခံရန် ဤသူနှစ်ဦးထဲမှ ကိုယ်တော်ရွေးကောက်သောသူကို ဖော်ပြတော်မူပါ”ဟု ဆုတောင်းကြ၏။