Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 36:20 - Common Language Bible

20 ညဉ့်ကိုမတောင့်တနှင့်။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ညဉ့် ကို မ တောင့် တ လင့်။ လူ မျိုး တို့ ပယ် ရှား ခံ ရာ အ ခါ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ည​ကို မ​တောင့်​တ​နှင့်။ ည​အ​ခါ​လူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 လူ​တို့​အား သူ​တို့​ရှိ​ရာ​နေရာ​မှ​နုတ်ယူ​သွား​တတ်​သော​ညအချိန်​မျိုး​ကို မ​တောင့်တ​ပါ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 36:20
16 ပူးပေါင်းရင်းမြစ်များ  

ထို​ည​၌​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား​တစ်​သိန်း ရှစ်​သောင်း​ငါး​ထောင်​ကို​ဒဏ်​ခတ်​သ​ဖြင့် နောက် တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌​ထို​သူ​အ​ပေါင်း တို့​သည်​သေ​လျက်​နေ​ကြ​၏။-


ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။


တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။


သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညဉ့်မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏။


သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြုတော်မမူ။


တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။


ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍ တောင့်တ ပါ၏။


သန်း​ခေါင်​အ​ချိန်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ​စ​၍ ထောင်​တွင်း​ရှိ အ​ကျဉ်း​သ​မား​သား​ဦး​တိုင် အောင်​အီ​ဂျစ်​ပြည်​ရှိ​သား​ဦး​မှန်​သ​မျှ​ကို လည်း​ကောင်း၊ တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ဟူ​သ​မျှ ကို​လည်း​ကောင်း​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။-


မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။


မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်လက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။


ထို​ည​၌​ပင်​လျှင်​ဗာ​ဗု​လုန်​ပြည်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​သည်​လုပ်​ကြံ​ခြင်း​ကို​ခံ ရ​၍၊-


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ