သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။
ယောဘဝတ္တု။ 34:14 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဝိညာဉ်နှင့် ဇီဝအသက်ကို မိမိထံ ပြန်ရုပ်သိမ်းမည်ဟု စိတ်ပိုင်းဖြတ်တော်မူလျှင် Common Language Bible ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊ Garrad Bible ကိုယ် တော် တိုင် အာ သာ ပ မာ ဏ ပြု၍၊ ဇီ ဝ အ သက် နှင့် ဝိ ညာဉ် တော် ကို ပြန် သိမ်း တော် မူ လျှင်၊ Judson Bible ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊ |
သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။
လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို ချီးမြှောက်ပြီး ကိုယ်တော်၏စိတ်ထဲတွင် သူ့ကို အလေးထားရသနည်း။
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
မျက်နှာလွှဲတော်မူသောအခါ သူတို့သည် ထိတ်လန့်ကြပါ၏။ သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍ မိမိတို့ဖြစ်လာရာ မြေမှုန့်သို့ပြန်သွားကြပါ၏။
ကိုယ်တော်က “အချင်းလူသားတို့၊ ပြန်သွားကြလော့”ဟု မိန့်တော်မူလျက် လူကို မြေမှုန့်သို့ ပြန်သွားစေတော်မူ၏။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
အကျဉ်းသားများကို တွင်းထဲ၌ တစ်စုတည်းစုထည့်ထားသကဲ့သို့ သူတို့သည် ထောင်ထဲ၌ ချုပ်နှောင်ထားခြင်းခံရမည်။ နေ့ရက်များစွာကုန်လွန်ပြီးမှ ဒဏ်ခတ်ခြင်းခံရမည်။