အကယ်စင်စစ် ဘုရားသခင်သည် ဆိုးယုတ်မှုကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် တရားမျှတမှုကို ဖောက်ဖျက်တော်မမူ။
အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင် တော်မမူ။
အ ကယ် စင် စစ် ဘု ရား သ ခင် သည် အ ဆိုး ကိုလည်း ကောင်း၊ အ န န္တ တန် ခိုး ရှင် သည် အ လွဲ ဆုံး ဖြတ် ခြင်း ကိုလည်း ကောင်း၊ မု ချ ပြု တော် မ မူ။
အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင်တော်မမူ။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။
ကိုယ်တော်၏နည်းလမ်းတော်ကို မည်သူသွန်သင်ပြနိုင်သနည်း။ ‘ကိုယ်တော်မှားသည်’ဟု မည်သူပြောနိုင်သနည်း။
ဘုရားသခင်သည် တရားမျှတမှုကို မတရားမှုဖြစ်စေမည်လော။ အနန္တတန်ခိုးရှင်သည် ဖြောင့်မတ်ခြင်းကို ကောက်ကွေ့စေမည်လော။
အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကို နှစ်သက်တော်မူ၏။ ဖြောင့်မှန်သောသူသည် မျက်နှာတော်ကိုဖူးမြင်ရလိမ့်မည်။
ထာဝရဘုရားသည် မိမိ၏လမ်းတော်ရှိသမျှတို့၌ ဖြောင့်မတ်၍ မိမိပြုတော်မူသောအမှုရှိသမျှတို့၌ သစ္စာရှိတော်မူ၏။