အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။
ယောဘဝတ္တု။ 32:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုက “အကျွန်ုပ်သည် အသက်ငယ်၍ သင်တို့သည် အသက်ကြီးသောကြောင့် အကျွန်ုပ်၏ထင်မြင်ချက်ကို ထုတ်ဖော်ပြဖို့ ကြောက်ရွံ့လျက် မဝံ့မရဲ ဖြစ်ရပါ၏။ Common Language Bible ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ။ Garrad Bible ထို အ ခါ ဗု ဇ အ မျိုး၊ ဗာ ရ ခေ လ၏ သား ဧ လိ ဟု တုံ့ ပြန် မြွက် ဆို သည် ကား၊ အ ကျွန်ုပ် သည် အ သက် ငယ် ပါ၏။ သင် တို့ မူ ကား အို မင်း ကြ၏။ ထို့ ကြောင့်၊ အ ကျွန်ုပ် အား နာ၍၊ သ ဘော ရှိ တိုင်း သင် တို့ အား မ ဖော် ပြ ဝံ့ ချေ။ Judson Bible ထိုအခါ ဗုဇအမျိုး ဗာရခေလသားဧလိဟု မြွက်ဆိုသည်ကား၊ ငါသည် အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကိုမပြဝံ့ဘဲ နေပါပြီ။ |
အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။
ငါတို့တွင် ဆံပင်လည်းဖြူ၊ အသက်လည်းကြီးသောသူတို့ ရှိကြ၏။ သင့်ဖခင်ထက်ပင် အသက်ပိုကြီးကြသေး၏။
သင်သည် အဦးဆုံးမွေးဖွားလာသောလူလော။ တောင်ကုန်းများ မဖြစ်တည်မီ သင်ဖြစ်တည်လာသလော။
ထိုသို့ ယောဘက မိမိကိုယ်မိမိ ဘုရားသခင်ထက် ဖြောင့်မတ်မှန်ကန်သည်ဟု ဆိုသောကြောင့် ရာမမျိုးနွယ်စု၊ ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုသည် ယောဘကို အမျက်ထွက်၏။
သူတို့သုံးဦးစလုံး၏နှုတ်၌ ချေပစရာစကားတစ်ခွန်းမျှမရှိသည်ကို မြင်သောအခါ ဧလိဟုအမျက်ထွက်လေ၏။
ဆံပင်ဖြူသူကို အရိုအသေပေးရမည်။ အသက်ကြီးသူကို လေးစားရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
သို့ဖြစ်၍ လူအသီးသီးတို့အား ပေးသင့်သည်ကို ပေးဆောင်ကြလော့။ အခွန်ပေးသင့်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ပေးသင့်သောသူအား အကောက်ကိုလည်းကောင်း ပေးဆောင်ကြလော့။ ကြောက်ရွံ့သင့်သောသူကိုကြောက်ရွံ့၍ ရိုသေသင့်သောသူကိုရိုသေကြလော့။
အသက်ကြီးသောယောက်ျားတို့ကို ပြစ်တင်မောင်းမဲခြင်းမပြုဘဲ ဖခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောယောက်ျားတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊
ထိုနည်းတူ ငယ်ရွယ်သောယောက်ျားတို့အား တည်ငြိမ်မှန်ကန်သောစိတ်ရှိကြရန် တိုက်တွန်းနှိုးဆော်လော့။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။