နွမ်းပါးသူတို့အဖို့ ဖခင်၊ သူစိမ်းတို့၏အမှုကိစ္စကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။
ယောဘဝတ္တု။ 31:32 - မြန်မာ့စံမီသမ္မာကျမ်း ခရီးသွားဧည့်သည်တို့ လမ်းပေါ်တွင် မအိပ်ရအောင် ခရီးသည်အဖို့ ငါ့အိမ်တံခါးကို ဖွင့်ထားလျက်ရှိ၏။ Common Language Bible ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။ Judson Bible ဧည့်သည်သည် လမ်း၌ညကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသောသူတို့အား ကိုယ်တံခါးကို ဖွင့်ထားပြီ။ |
နွမ်းပါးသူတို့အဖို့ ဖခင်၊ သူစိမ်းတို့၏အမှုကိစ္စကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။
ငါ့တဲ၌နေသောသူတို့က ‘သူကျွေးသောအသားကို ဝလင်စွာမစားရသောသူ ရှိသလော’ဟု ဆိုလေ့ရှိသည်မဟုတ်လော။
ငါသည် အခြားသောသူတို့ပြုတတ်သကဲ့သို့ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖူးသလော။ ကိုယ့်ဒုစရိုက်ကို စိတ်ထဲ၌ဝှက်ထားဖူးသလော။
ဆာလောင်မွတ်သိပ်သောသူတို့ကို စားစရာဝေပေးခြင်း၊ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများကို အိမ်သို့ခေါ်လာခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် ဝတ်ပေးခြင်း၊ မိမိသွေးသားချင်းကို လျစ်လျူမရှုခြင်းပင် မဟုတ်လော။
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံကြ၏။
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
သူတို့သည် ခရီးမဆက်တော့ဘဲ ညအိပ်နားရန် ဂိဗာမြို့သို့ ဝင်သွား၍ မြို့အလယ်လမ်းဆုံလမ်းခွတွင် ထိုင်နေကြ၏။ သို့သော် မည်သူမျှ သူတို့ကို ညအိပ်နားရန် မခေါ်ကြ။
ထိုအဖိုးအိုသည် လှမ်းကြည့်၍ မြို့အလယ်လမ်းဆုံလမ်းခွ၌ ခရီးသွားဧည့်သည်ကိုမြင်လျှင် အဖိုးအိုက “မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်နည်း”ဟု မေးလေ၏။