လာဗန်၏သားတို့က “ယာကုပ်သည် ငါတို့ဖခင်ပိုင်ဆိုင်သမျှတို့ကို ယူသွားပြီတကား။ သူသည် ငါတို့ဖခင်ပိုင်ဆိုင်သောအရာများအားဖြင့် ဤစည်းစိမ်အားလုံးကိုရရှိလေပြီ”ဟု ပြောဆိုသောစကားတို့ကို ယာကုပ်ကြားလေ၏။
ယောဘဝတ္တု။ 31:24 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ရွှေကိုအားကိုး၍ ရွှေစင်ကို ကိုးစားခဲ့မိလျှင်၊ Common Language Bible ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊ Garrad Bible ငါ သည် ရွှေ ကို ကိုး စား ရာ ကိုး စား ကြောင်း ပြု လျက်၊ ရွှေ စင် အား လည်း၊ ငါ စိတ် ချ ရာ စိတ် ချ ကြောင်း ဟု ဆို ခဲ့ လျှင်လည်း ကောင်း၊ Judson Bible ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟု ဆိုမိသော်လည်းကောင်း၊ |
လာဗန်၏သားတို့က “ယာကုပ်သည် ငါတို့ဖခင်ပိုင်ဆိုင်သမျှတို့ကို ယူသွားပြီတကား။ သူသည် ငါတို့ဖခင်ပိုင်ဆိုင်သောအရာများအားဖြင့် ဤစည်းစိမ်အားလုံးကိုရရှိလေပြီ”ဟု ပြောဆိုသောစကားတို့ကို ယာကုပ်ကြားလေ၏။
အကြောင်းမူကား သူသေဆုံးသောအခါ မည်သည့်အရာကိုမျှ ယူဆောင်သွားနိုင်မည်မဟုတ်။ သူ၏ဘုန်းအသရေသည် သူ့နောက်လိုက်ပါဆင်းသွားလိမ့်မည်မဟုတ်။
“ဘုရားသခင်ကို မိမိ၏မှီခိုရာမဖြစ်စေဘဲ မိမိ၏ဓနဥစ္စာကြွယ်ဝမှုကိုယုံကြည်ကိုးစားသောသူကို ကြည့်ကြလော့။ သူသည် မိမိ၏ယုတ်မာစဉ်းလဲမှုအားဖြင့် အားကြီးလာ၏”ဟု ဆိုလျက် သူ့ကိုရယ်မောကြလိမ့်မည်။
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသောသူတို့၏ပျက်စီးခြင်းအကြောင်းသည် သူတို့၏ဆင်းရဲခြင်းဖြစ်၏။
မိမိ၏ဓနဥစ္စာကို ကိုးစားသောသူသည် ကျဆုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သစ်ရွက်ကဲ့သို့ ပွင့်လန်းဝေဆာလိမ့်မည်။
သို့မဟုတ်လျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်ဝ၍ “ထာဝရဘုရားသည် မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မိပါလိမ့်မည်။ သို့တည်းမဟုတ် အကျွန်ုပ်သည် ဆင်းရဲ၍ခိုးယူကာ အကျွန်ုပ်ဘုရားသခင်၏နာမတော်ကို ထိခိုက်မိစေပါလိမ့်မည်။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုသည် ပတ်ပတ်လည်သို့ကြည့်ရှုလျက်“ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊