ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။
ယောဘဝတ္တု။ 31:2 - မြန်မာ့စံမီသမ္မာကျမ်း အထက်အရပ်ရှိဘုရားသခင်ထံမှ မည်သည့်ဝေစုကို ရမည်နည်း။ မြင့်ရာအရပ်ရှိအနန္တတန်ခိုးရှင်ထံမှ မည်သည့်အမွေကို ရမည်နည်း။ Common Language Bible သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူ မည်နည်း။ Garrad Bible အ ထက် ဘ ဝဂ် ဝယ် စံ နေ တော် မူ သော အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် ထံ တော် မှ၊ ခံ ရ သော ဝေ ပုံ ပိုင် စု ကား။ မည် သို့ နည်း။ Judson Bible သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကိုလည်းကောင်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကိုလည်းကောင်း ပေးတော်မူမည်နည်း။ |
ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။
ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။
လူဆိုးတို့၏မီးခွက်သည် ဘယ်နှကြိမ် ငြိမ်းဖူးသနည်း။ သူတို့သည် ဘယ်နှကြိမ် ဒုက္ခရောက်ဖူးသနည်း။ ဘုရားသခင်၏အမျက်တော်ဒဏ်ကို ဘယ်နှကြိမ် ခံရဖူးသနည်း။
“အထက်ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းကို ရှိစေတော်မူသောအရှင်သည် အုပ်စိုးခြင်းအရှင်၊ ကြောက်ရွံ့ရိုသေဖွယ်အရှင် ဖြစ်တော်မူ၏။
ဆိုးယုတ်သောသူတို့ ဘုရားသခင်ထံမှ ခံရမည့်ဝေစု၊ ကြမ်းကြုတ်သောသူတို့ အနန္တတန်ခိုးရှင်ထံမှ ခံရမည့်အမွေကား ဤသို့ဖြစ်၏။
ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။