ဘုရားသခင်ထတော်မူလျှင် ငါမည်သို့ပြုရမည်နည်း။ စစ်ဆေးတော်မူလျှင် ငါမည်သို့လျှောက်ရမည်နည်း။
ယောဘဝတ္တု။ 31:13 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့သည် ငါ့အပေါ်မကျေမနပ်ဖြစ်သောအခါ ငါသည် တရားမျှတစွာမစီရင်ပေးသဖြင့် Common Language Bible ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊ Garrad Bible ကျွန် ယောက်ျား၊ ကျွန် မိန်း မ တို့ ဘက် ပြိုင် လာ သော အ မှု ကို၊ ငါ ငြင်း ဆို ခဲ့ လျှင်၊ Judson Bible ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာအမှု ရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊ |
ဘုရားသခင်ထတော်မူလျှင် ငါမည်သို့ပြုရမည်နည်း။ စစ်ဆေးတော်မူလျှင် ငါမည်သို့လျှောက်ရမည်နည်း။
သူ့အပေါ် ရက်စက်ကြမ်းတမ်းစွာမအုပ်စိုးရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။
သင်တို့သည် ထိုသူတို့ကို နောင်လာမည့်သင်တို့၏သားမြေးတို့ ပိုင်ဆိုင်သောအမွေအဖြစ် ချန်ထားခဲ့နိုင်၏။ ထိုသူတို့ကို တစ်သက်လုံးကျွန်ပြုခွင့်ရှိ၏။ သို့သော် သင်တို့၏အမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့သည် အချင်းချင်းတစ်ဦးအပေါ်တစ်ဦး ရက်စက်ကြမ်းတမ်းစွာမအုပ်စိုးရ။
သခင်တို့၊ သင်တို့သည်လည်း ကျွန်များအပေါ် ထိုနည်းတူပြုကြလော့။ သူတို့ကိုမခြိမ်းခြောက်ကြနှင့်။ သင်တို့နှင့်သူတို့၏သခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၍ ထိုသခင်သည် မျက်နှာလိုက်ခြင်းမရှိကြောင်း သိမှတ်ကြလော့။
သခင်တို့၊ သင်တို့တွင်လည်း ကောင်းကင်၌သခင်တစ်ပါးရှိကြောင်း သိမှတ်လျက် မိမိတို့ကျွန်များအပေါ် မှန်ကန်မျှတစွာ ပြုမူကြလော့။