ဧဖက် 6:9 - မြန်မာ့စံမီသမ္မာကျမ်း9 သခင်တို့၊ သင်တို့သည်လည်း ကျွန်များအပေါ် ထိုနည်းတူပြုကြလော့။ သူတို့ကိုမခြိမ်းခြောက်ကြနှင့်။ သင်တို့နှင့်သူတို့၏သခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၍ ထိုသခင်သည် မျက်နှာလိုက်ခြင်းမရှိကြောင်း သိမှတ်ကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible9 သခင်တို့၊ ခြိမ်းခြောက်မှုကိုမပြုဘဲထိုနည်းတူပင် ကျွန်များနှင့်ဆက်ဆံကြလော့။ သင်တို့နှင့်သင်တို့၏ ကျွန်များမှာကောင်းကင်ဘုံတွင်သခင်တစ်ပါးတည်း ရှိကြောင်းကိုလည်းကောင်း၊ ထိုသခင်သည်မျက်နှာ ကြီးငယ်လိုက်တော်မမူကြောင်းကိုလည်းကောင်း သတိရကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible9 အ ရှင် ဖြစ် သူ တို့၊ ကောင်း ကင် ဘုံ စံ နေ သော သင် တို့ နှင့် သူ တို့ အ ရှင် သည် မျက် နှာ ရွေး တော် မ မူ ကြောင်း သိ ကြ သည့် အ လျောက် ကျွန် တို့ အား မ ခြိမ်း ချောက် ဘဲ ထို သို့ စေ တ နာ ရှိ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible9 သခင်တို့၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြုကြလော့။ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ ရှိသည်ကိုလည်းကောင်း၊ ထိုသခင်သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူသည်ကိုလည်းကောင်း၊ သိမှတ်ကြလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 သခင်ဖြစ်သူတို့… သင်တို့သည်လည်း ကျွန်များကို ထိုနည်းတူ ကောင်းမွန်စွာ ဆက်ဆံကြလော့။ သူတို့ကို မခြိမ်းခြောက်ကြနှင့်။ သင်တို့နှင့် သင်တို့ကျွန်များ၏ သခင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူကြောင်းနှင့် ထိုသခင်သည် မျက်နှာမလိုက်တတ်ကြောင်းကို သိမှတ်ကြလော့။ အခန်းကိုကြည့်ပါ။ |
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
စင်စစ် ငါတို့နှင့် ငါတို့ညီအစ်ကိုတို့သည် တစ်သွေးတစ်သားတည်းဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီး ဖြစ်၏။ သို့ရာတွင် ကိုယ့်သားသမီးများကို အတင်းအကျပ်ကျွန်ခံစေရတော့မည်။ ငါတို့သမီးအချို့ပင် ကျွန်ခံနေရပြီ။ ငါတို့လယ်မြေနှင့်စပျစ်ခြံများ အခြားသူလက်သို့ ရောက်သွားပြီဖြစ်၍ ယခုမူ ငါတို့ မည်သို့မျှမတတ်နိုင်”ဟု ဆိုကြ၏။