Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 25:46 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 သင်​တို့​သည် ထို​သူ​တို့​ကို နောင်လာမည့်​သင်​တို့​၏​သားမြေး​တို့ ပိုင်ဆိုင်​သော​အမွေ​အဖြစ် ချန်ထား​ခဲ့​နိုင်​၏​။ ထို​သူ​တို့​ကို တစ်သက်လုံး​ကျွန်ပြု​ခွင့်​ရှိ​၏​။ သို့သော် သင်​တို့​၏​အမျိုးသားချင်း​ဖြစ်​သော အစ္စရေး​အမျိုးသား​တို့​သည် အချင်းချင်း​တစ်ဦး​အပေါ်​တစ်ဦး ရက်စက်ကြမ်းတမ်း​စွာ​မ​အုပ်စိုး​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

46 သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

46 ဣ သ ရေ လ အ မျိုး သား ဖြစ် သော ညီ အစ် ကို ချင်း ကို ကား အ ကြပ် အ တည်း မ အုပ် ချုပ် ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 သူ​တို့​သည် ကျွန်​သား​ပေါက်​ဖြစ်၍၊ သင်​တို့​နှင့် သင်​တို့​သား​သ​မီး​တို့​သည် အ​မွေ​ခံ၍​ပိုင်​ရ​မည်။ ကိုယ်​အ​မျိုး​သား​ချင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​လျှင်၊ တစ်​ယောက်​ကို​တစ်​ယောက် ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 25:46
5 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရက်စက်ကြမ်းတမ်း​စွာ စေခိုင်း​ကြ​၏​။


လူမျိုးခြား​တို့​သည် သူ​တို့​ကို​ခေါ်​၍ သူ​တို့​၏​နေရပ်​သို့ ပို့ဆောင်​ကြ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည် ထို​လူမျိုးခြား​တို့​ကို ထာဝရဘုရား​၏​ပြည်​တော်​၌ ကျွန်ယောက်ျား​နှင့်​ကျွန်မိန်းမ​များ​အဖြစ် ပိုင်ဆိုင်​ကြ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ကို​ဖမ်းဆီးခေါ်ဆောင်​သွား​ခဲ့​သော​သူ​တို့​အား ပြန်​၍​ဖမ်းဆီးခေါ်ဆောင်​လာ​ကြ​လိမ့်မည်​။ သူ​တို့​ကို​ညှဉ်းဆဲ​ခဲ့​သော​သူ​တို့​အား အုပ်စိုး​ကြ​လိမ့်မည်​။


သူ့​အပေါ် ရက်စက်ကြမ်းတမ်း​စွာ​မ​အုပ်စိုး​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။


ထို့ပြင် သင်​တို့​ထံ၌ တည်းခိုနေထိုင်​သော​ဧည့်သည်​တို့​၏​သားသမီး​များ​ထဲမှ​လည်းကောင်း​၊ သင်​တို့​ပြည်​၌​မွေးဖွား​၍ သင်​တို့​နှင့်အတူ​နေထိုင်​သည့် သူ​တို့​၏​မျိုးနွယ်စု​ထဲမှ​လည်းကောင်း သင်​တို့​ဝယ်ယူ​ခွင့်​ရှိ​၏​။ ထို​သူ​တို့​သည် သင်​တို့​၏​အပိုင်​ဖြစ်​ရ​မည်​။


အကယ်၍ သင်​နှင့်အတူ​နေထိုင်​သည့် တိုင်းတစ်ပါးသား​ဧည့်သည်​သည် ကြီးပွား​၍ သူ​နှင့်အတူ​နေထိုင်​သည့် သင်​၏​အမျိုးသားချင်း​သည် ဆင်းရဲ​သွား​သဖြင့် သူ​သည် သင်​နှင့်အတူ​နေထိုင်​သည့်​တိုင်းတစ်ပါးသား​ဧည့်သည်​ထံ၌​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​၏​မျိုးနွယ်စုဝင်​ထံ၌​ဖြစ်စေ သူ့ကိုယ်သူ​ရောင်း​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ