သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
ယောဘဝတ္တု။ 30:8 - မြန်မာ့စံမီသမ္မာကျမ်း လူမိုက်သားသမီးများ၊ နာမည်ပျက်သူ၏သားသမီးများဖြစ်၍ သူတို့၏ပြည်မှနှင်ထုတ်ခံရကြ၏။ Common Language Bible လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။ Garrad Bible လူ မိုက် လူ ယုတ် တို့ သား များ ဖြစ် သ ဖြင့်၊ နေ ပြည် မှ ရိုက် ထုတ် ခံ ရ ကြ ပြီ။ Judson Bible လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။ |
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
သူသည် အာဟပ်မင်းကြီး၏သမက်တော်ဖြစ်သည်နှင့်အညီ အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
သူ၏မယ်တော်သည် ဆိုးယုတ်သောအကြံများကိုသာ ပေးသောကြောင့် သူသည် အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။
ယခုမှာ ငါသည် သူတို့အဖို့ လှောင်ပြောင်သီဆိုစရာ၊ သူတို့အလယ်တွင် ပုံခိုင်းပြောဆိုစရာ ဖြစ်ရလေပြီ။
“ကြည့်ရှုလော့။ အကျွန်ုပ်သည် ယုတ်ညံ့သောသူဖြစ်ပါ၏။ ကိုယ်တော်ကို မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ အကျွန်ုပ်နှုတ်ကို လက်နှင့်ပိတ်ထားပါပြီ။
ဆိုးယုတ်သောသူကို အယုတ်ဟုမြင်သောသူ၊ ထာဝရဘုရားကိုကြောက်ရွံ့သောသူအား ရိုသေလေးမြတ်သောသူ၊ မိမိအကျိုးထိခိုက်လျှင်ပင် ကျိန်ဆိုထားသောကတိကိုမဖျက်သောသူ၊
သို့သော် ငါလဲသောအခါ သူတို့သည် ဝမ်းမြောက်လျက်စုဝေးကြ၏။ ရန်ပြုရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌စုဝေးကြ၏။ ထိုသူတို့ကိုလည်း ငါမသိရ။ သူတို့သည် ငါ့ကိုမရပ်မနားဆုတ်ဖြဲကြ၏။
“အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသိပညာ၏အရင်းအမြစ်ဖြစ်၏။ ဆိုးမိုက်သောသူတို့သည် ဉာဏ်ပညာနှင့် ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်ပြုတတ်ကြ၏။
ဉာဏ်စွမ်းကိုပိုင်ဆိုင်သောသူအတွက် ထိုဉာဏ်စွမ်းသည် အသက်စမ်းရေတွင်းဖြစ်၏။ မိုက်မဲခြင်းမူကား ဆိုးမိုက်သောသူတို့ခံရသော အပြစ်ဒဏ်ဖြစ်၏။
မိုက်မဲသောသူသည် မိုက်မဲသောစကားကိုပြောဆိုတတ်၏။ သူ၏စိတ်နှလုံးသည် ဒုစရိုက်ကိုကြံစည်တတ်၏။ သူတော်ကောင်းယောင်ဆောင်ပြီး ထာဝရဘုရားအကြောင်းကို မဟုတ်မမှန်ပြောဆိုတတ်၏။ ဆာလောင်မွတ်သိပ်သောသူကို အစာမကျွေး၊ ရေငတ်သောသူကို ရေမတိုက်။
ကောင်းကင်မိဖုရားထံ မုန့်ပူဇော်ရန် သားသမီးတို့က ထင်းကောက်ကြ၏။ ဖခင်တို့က မီးမွှေးကြ၏။ မိခင်တို့က မုန့်နယ်ကြ၏။ သူတို့သည် အခြားသောဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့်လည်း ငါ့ကိုအမျက်ထွက်စေကြ၏။
သင့်အပေါ်သို့ မစင်ကို ပစ်ချမည်။ သင့်ကို မထီမဲ့မြင်ပြုမည်။ သင့်ကို သူတစ်ပါးကြည့်စရာ ဖြစ်စေမည်။
ပြောင်လှောင်ခြင်း၊ ဒဏ်ခတ်ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း စသည်တို့ကိုပြုစေရန် သူ့ကို လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ မိန်းကလေးသည်ထွက်သွား၍ “မည်သည့်အရာကို တောင်းရပါမည်နည်း”ဟု မိမိ၏မိခင်အားမေးလေရာ မိခင်က “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်း”ဟု ဆို၏။