ထိုညကိုလည်း အမှောင်ထု သိမ်းပိုက်သွားပါစေ။ တစ်နှစ်တာ၏နေ့ရက်များတွင် ထိုညသည် ဝမ်းသာအားရခွင့် မရပါစေနှင့်။ လတို့၏အရေအတွက်ထဲတွင်လည်း စာရင်းမဝင်ပါစေနှင့်။
ယောဘဝတ္တု။ 3:7 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ထိုညသည် မြုံပါစေ။ ရွှင်လန်းခြင်းအသံမျှ မရှိပါစေနှင့်။ Common Language Bible လအရေအတွက်၌ မဝင်ပါစေနှင့်။ အော်၊ ထိုညဉ့်သည်ဆိတ်ညံပါစေ။ ရွှင်လန်းသောအသံမရှိပါ စေနှင့်။ Garrad Bible ထို ညဉ့် သည် မြုံ၍၊ ကြွေး ကြော် သံ မ ရှိ ပါ စေ နှင့်။ Judson Bible လအရေအတွက်၌ မဝင်ပါစေနှင့်။ အော်၊ ထိုညသည် ဆိတ်ညံပါစေ။ ရွှင်လန်းသောအသံ မရှိပါစေနှင့်။ |
ထိုညကိုလည်း အမှောင်ထု သိမ်းပိုက်သွားပါစေ။ တစ်နှစ်တာ၏နေ့ရက်များတွင် ထိုညသည် ဝမ်းသာအားရခွင့် မရပါစေနှင့်။ လတို့၏အရေအတွက်ထဲတွင်လည်း စာရင်းမဝင်ပါစေနှင့်။
နေ့ကိုကျိန်ဆဲသူများ၊ လဝိသန်ကိုနှိုးဆွဖို့ အသင့်ရှိသောသူများသည် ထိုညကို ကျိန်ဆဲကြပါစေ။
ပတ်သာ၏သာယာသံသည် ငြိမ်းလေပြီ။ သောက်စားပျော်ပါးသောသူတို့၏အသံသည် ရပ်တန့်လေပြီ။ စောင်း၏သာယာသံသည် ငြိမ်းလေပြီ။
ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။