ယောဘဝတ္တု။ 3:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်သည် မှောင်မိုက်ဖြစ်ပါစေ။ အထက်အရပ်ရှိဘုရားသခင်သည် ထိုနေ့ရက်ကို အမှတ်မထားပါစေနှင့်။ ထိုနေ့ရက်သည် အလင်း မထွန်းလင်းပါစေနှင့်။ Common Language Bible ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါ စေနှင့်၊ Garrad Bible ထို နေ့ ကို ဘ ဝဂ် ပေါ် မှာ၊ ဘု ရား သ ခင် ထုတ် ခေါ် တော် မ မူ။ အ လင်း မ သက် မ ရောက်၊ မှောင် လည်း မှောင် မိုက် ပါ စေ။ Judson Bible ထိုနေ့ရက် မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်း မပေါ်ထွန်းပါစေနှင့်၊ |
ထိုနေ့ရက်ကို မှောင်မိုက်ခြင်းနှင့် သေမင်းအရိပ်တို့သည် သိမ်းယူပါစေ။ တိမ်တိုက်ဖုံးလွှမ်းပါစေ။ နေ့၏အမှောင်ထုသည် ထိုနေ့ရက်ကို ခြောက်လှန့်ပါစေ။
ထိုနေ့သည် အမှောင်တကာ့အမှောင်နေ့၊ မိုးအုံ့၍အမှောင်ကျသောနေ့ ဖြစ်၏။ တောင်ပေါ်တွင် အရုဏ်ဦးအလင်းဖြာကျသကဲ့သို့ အင်အားကြီးသောလူမျိုးကြီးတစ်မျိုး ပေါ်လာမည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း မဖြစ်ဖူး။ နောင်ကာလမျိုးဆက်အစဉ်အဆက်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်။
ထာဝရဘုရား၏နေ့တော်ကို စောင့်မျှော်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ ထာဝရဘုရား၏နေ့တော်ကို အဘယ်ကြောင့် သင်တို့ စောင့်မျှော်သနည်း။ ထိုနေ့သည် အလင်းမဟုတ်၊ အမှောင် ဖြစ်လိမ့်မည်။
မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
ရက်ပေါင်းများစွာ နေနှင့်ကြယ်များကိုမတွေ့ရချေ။ မုန်တိုင်းသည်လည်း အရှိန်မလျော့ဘဲ တိုက်ခတ်လျက်ရှိသဖြင့် နောက်ဆုံးတွင် ငါတို့လွတ်မြောက်မည်ဟူသောမျှော်လင့်ချက်ရှိသမျှသည် ပျောက်ကွယ်သွားခဲ့လေ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို စောင့်ရှောက်တော်မူ၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို နှစ်အစမှ နှစ်အဆုံးတိုင်အောင် အစဉ်မပြတ်ကြည့်ရှုတော်မူ၏။
ပဉ္စမကောင်းကင်တမန်သည် သူ၏ဖလားကို သားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏နိုင်ငံသည် မှောင်မိုက်အတိဖြစ်သွား၍ လူတို့သည် နာကျင်ခြင်းဝေဒနာကြောင့် မိမိတို့လျှာကိုကိုက်ခဲကြ၏။