ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။
ယောဘဝတ္တု။ 3:22 - မြန်မာ့စံမီသမ္မာကျမ်း သင်္ချိုင်းကိုသာရှာတွေ့လျှင် အဘယ်မျှလောက် ဝမ်းမြောက်ပျော်ရွှင်ကြမည်နည်း။ Common Language Bible သူတို့သည်သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။ Garrad Bible သင်္ချိုင်း တွေ့ လျှင် အား ရ ရွှင် လန်း ဝမ်း မြောက် လျက် နေ ကြ၏။ Judson Bible သူတို့သည် သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။ |
ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။
ချိုင့်ဝှမ်းရှိမြေခဲရွှံ့ခဲတို့သည် သူ့အဖို့ ချိုမြိန်လိမ့်မည်။ လူအပေါင်းတို့သည် သူ့နောက်သို့ လိုက်ကြလိမ့်မည်။ သူ့ရှေ့၌သွားနှင့်သောသူတို့သည်လည်း မရေမတွက်နိုင်အောင် များပြား၏။
သေခြင်းကိုတောင့်တသောသူတို့သည် သေခွင့်ကို မရကြ။ သူတို့သည် ဝှက်ထားသောဘဏ္ဍာထက် သေခြင်းကို သာ၍ရှာဖွေကြ၏။
လမ်းပျောက်နေသူ၊ ဘုရားသခင်ဆီးတားပိတ်ဆို့ထားသောသူကို အဘယ်ကြောင့် အလင်းပေးသနည်း။
သို့မှ ငါခံစားရသက်သာလိမ့်မည်။ မညှာမတာခံစားရသောဝေဒနာများထဲမှ ဝမ်းမြောက်မိပါလိမ့်မည်။ ငါသည် သန့်ရှင်းသောအရှင်၏စကားတော်ကို မငြင်းဆန်ခဲ့ပါ။
ငါတောင်းဆိုသောအရာကို ရပါစေသော။ ဘုရားသခင်သည် ငါ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးပါစေသော။
ထို့ကြောင့် ဤကိုယ်ခန္ဓာနှင့် နေရသည်ထက် အသက်ရှူကြပ်ပြီး သေသွားခြင်းကို လိုလားမိပါ၏။
ထို့ကြောင့် အသက်ရှင်နေသေးသောလူရှင်တို့ထက် သေလွန်ပြီးသောလူသေတို့ကို ငါထောမနာပြု၏။
သို့ရာတွင် လူဖြစ်မလာသေးသောသူ၊ နေအောက်တွင်ပြုသောမကောင်းမှုကို မမြင်သေးသောသူသည် ထိုနှစ်ဦးတို့ထက်ပို၍ကောင်း၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါနှင်ထုတ်၍ အရပ်ရပ်သို့ရောက်သွားသောသူတို့ထဲမှ ကြွင်းကျန်သောသူတည်းဟူသော ဤမကောင်းသောမျိုးနွယ်စုထဲမှ အသက်ရှင်ကျန်ရစ်သူအားလုံးတို့သည် အသက်ရှင်ခြင်းထက် သေခြင်းကိုရွေးချယ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။