ထိုသူနှစ်ဦးလုံးသည် မြေမှုန့်ထဲ၌ အတူတူလဲလျောင်းလျက် သူတို့ကို လောက်ကောင်များ ဖုံးလွှမ်းကြ၏။
ယောဘဝတ္တု။ 3:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာတွင် အယုတ်အမြတ်ဟူ၍ မရှိ။ ကျွန်သည်လည်း သခင့်လက်မှလွတ်မြောက်ရ၏။ Common Language Bible ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့်လွတ်ရ၏။ Garrad Bible ကျွန် သည် သ ခင် နှင့် ကင်း လွတ် လျက် နေ စွ တ ကား။ Judson Bible ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏။ |
ထိုသူနှစ်ဦးလုံးသည် မြေမှုန့်ထဲ၌ အတူတူလဲလျောင်းလျက် သူတို့ကို လောက်ကောင်များ ဖုံးလွှမ်းကြ၏။
ချိုင့်ဝှမ်းရှိမြေခဲရွှံ့ခဲတို့သည် သူ့အဖို့ ချိုမြိန်လိမ့်မည်။ လူအပေါင်းတို့သည် သူ့နောက်သို့ လိုက်ကြလိမ့်မည်။ သူ့ရှေ့၌သွားနှင့်သောသူတို့သည်လည်း မရေမတွက်နိုင်အောင် များပြား၏။
ထိုနေရာတွင် အဓမ္မစေခိုင်းသံများမကြားရဘဲ အကျဉ်းသားတို့ အေးချမ်းစွာနေကြရ၏။
ဒုက္ခရောက်နေသူကို အဘယ်ကြောင့် အလင်းပေးသနည်း။ ခါးသီးစွာခံစားနေရသူတို့ကို အဘယ်ကြောင့် အသက်ရှင်ခွင့်ပေးသနည်း။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
လူတို့သည် မြင့်သောနေရာနှင့်လမ်းပေါ်မှအန္တရာယ်များကို ကြောက်ကြလိမ့်မည်။ ဗာဒံပင်သည် ပွင့်လိမ့်မည်။ နှံကောင်သည် လေးကန်စွာလျှောက်သွားလိမ့်မည်။ အလိုရမ္မက်သည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။ လူသည် ထာဝရအိမ်သို့သွားနေသည်ဖြစ်၍ မြည်တမ်းသောသူတို့သည် လမ်း၌ လှည့်ပတ်သွားကြလိမ့်မည်။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
လေကိုတားဆီးရန် မည်သူမျှလေကိုမထိန်းချုပ်နိုင်သကဲ့သို့ သေရမည့်နေ့ရက်အပေါ် အခွင့်အာဏာရှိသောသူမရှိ။ (စစ်ဖြစ်ချိန်၌) စစ်ပွဲမှမည်သူမျှထွက်ခွာခွင့်မရှိသကဲ့သို့ ဆိုးယုတ်မှုသည် ဆိုးယုတ်သောသူကို လွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်။